"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, March 27, 2024

ကျွန်းသာယာသတင်းစဉ် (၈၇)

 


SOURCE: Facebook 27 March 2024


မတ်လ ၂၇ ရက်
တော်လှန်ရေးနေ့ (Resistance Day)
(တပ်မတော်နေ့(Armed Forces Day) မဟုတ်အသိပညာမဲ့တိုင်း အတင်းလုပ်ယူလို့မရ)
ကျွန်းသာယာသတင်းစဉ် အထူးထုတ်























ရခိုင်ပြည် မောင်တောမြို့ နယ် 

          




























Monday, March 25, 2024

နျူရိုပီးဒီးယား (ခေါ်) ဦးနှောက်ကျမ်း

 


စာအုပ်မိတ်ဆက်

နျူရိုပီးဒီးယား(ခေါ်)
ဦးနှောက်ကျမ်းစာအုပ်သည် သင်၏နားရွက်(၂)ဖက်ကြားမှာရှိသည့် အလေးချိန်

အားဖြင့် ၃ ပေါင်ရှိသည့် 'ဦးနှောက်၏ရင်သပ်ရှုမော အံ့သြဖွယ်ရာခရီးလမ်း'ကိုခေါ်ဆောင်သွားမည်ဟု

ကျမ်းပြုစုသူ 'ဒေါက်တာ ချပ်ဒ်လာ'က သူ့စာအုပ်အမှာစာတွင်ပြောခဲ့သည်။ 


ထိုခရီးတွင် ဦးနှောက်ဖွဲ့စည်းတည်ဆောက်ထားပုံနှင့်လုပ်ငန်းဆောင်တာများ(structure and function)

အပြင် အာရုံကြောမကြီး(spinal cord)နှင့်နာ့ဗ်ဆဲလ်များ(nerve cells)အကြောင်း၊ အာရုံကြောစနစ်ဆိုင်

ရာသုတေသနပြုမှုများ(neuroscientific research)အကြောင်းများလည်းပါရှိသည်။ 


'ဒေါက်တာ ချပ်ဒ်လာ'သည် ၀ါရှင်တန်တက္ကသိုလ် ဇီဝအင်ဂျင်နီယာဌာန(Bioengineering)မှ တွဲဖက်  

ပါမောက္ခတဦးဖြစ်ပြီး နျူရိုတက်ကနော်လော်ဂျီစင်တာ(Neurotechnology Center)အမှုဆောင်ညွှန်

ကြားရေးမှူးလည်းဖြစ်သည်။   

အာရုံကြောအလှုံ့ (neural activity)ကိုထောက်လှမ်းရန်နှင့်ထိန်းကြောင်းရန်တို့အတွက် အီလက်ထရော

နစ်ကရိယာ(electronic device) သို့မဟုတ် လူ၏အာရုံကြောစနစ်နှင့်ဆက်သွယ်ပေးနိုင်သည့်နည်းလမ်း (method)တမျိုးမျိုး အစရှိသည်တို့မှာ နျူရိုတက်ကနော်လော်ဂျီတွင်အကျူံးဝင်လေသည်။














ဦးနှောက်ကို နားမလည်လောက်အောင်တွေးရှုလျက် အဖြေရှာရန်ပဟေဠိဖြစ်နေကြသည့်သုတေသ

နပညာရှင်များ၊ ဆရာဝန်များ၊ သမားတော်များနှင့်ဿနိကတွေးခေါ်ရှင်များသည် နှစ်ပေါင်းထောင်

ချီရှိခဲ့ကြသည်။ 

သို့ဖြစ်ရာ ဦးနှောက်နှင့်သက်ဆိုင်သည့်အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတိုင်းက ကျွန်ုပ်တို့ကိုစိတ်

ဝင်တစားဖြစ်စေခဲ့ပါသည်။ 

အာရုံကြောစနစ်ဆိုင်ရာထူးထွေဆန်းပြားမှုများပါရှိသည့် ဦးနှောက်ကျမ်းစာအုပ်သည် အချက်အ

လက်များနှင့်တိကျမှန်ကန်သောနားလည်သဘောပေါက်မှုများ(facts and insights)ကို ပေးစွမ်းပါမည်။ 

ထို့အပြင် မိမိတို့သိရှိပြီးဖြစ်သည့်ဦးနှောက်ဗဟုသုတများ၏ခိုင်မာမှုနှင့်ရှေ့ ဆက်ပြီးစူးစမ်းဖော်ထုတ်ရ

ဦးမည့်ဦးနှောက်၏မျက်နှာစာအသစ်များသတ်မှတ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။ 


'ဒေါက်တာ ချပ်ဒ်လာ'သည်  စာဖတ်သူတို့အား အောက်ပါအဖြစ်များသည့်ဦးနှောက်နှင့်အာရုံကြောရော

ဂါများနှင့်တွေ့ရခဲသည့်ဦးနှောက်နှင့်အာရုံကြောရောဂါအမျိုးမျိုးအကြောင်းကိုရှင်းလင်းပြောပြထားသည်။












တစိမ်းတရံစာလက်ဝေဒနာ(Alien Hand Disorder)

- ကက်ပ်ဂရတ်စ်ဆင်ထရုမ်း(Capgras syndrome)

- အာ့လ်ဇိုင်းမားစ်ရောဂါ(Alzheimer's  disease)

- ပါ့ကင်စန်စ်ရောဂါ(Parkinson's disease)

- လေဖြတ်ခြင်း(Stroke)

အဆိုပါရောဂါများကို နောက်ဆုံးပေါ်ဦးနှောက်ပုံရိပ်ဖမ်းနည်းစနစ်များ(brain-imaging methods)အသုံး

ပြုလျက်ရောဂါရှာဖွေခြင်းအကြောင်းကိုလည်းကောင်း၊ ဦးနှောက်ဓာတုပစ္စည်းများ(neurochemicals)၊ 

ဦးနှောက်ကိုအဆိပ်သင့်စေနိုင်သောပစ္စည်းများ(neurotoxins)နှင့်အသက်ကယ်စေနိုင်သည့်ဆေးဝါးများ(lifesaving drugs)အကြောင်းဆွေးနွေးထားပါသေးသည်။

လူ့၏အသိ သို့မဟုတ် သတိရှိနေခြင်း(consciousness)ဆိုင်ရာကျယ်ပြန့်သောအတွေးအမြင်များကိုလည်း

ဤကျမ်းစာအုပ်တွင်ပြည့်ပြည့်စုံစုံဖတ်ရှုကြရပါမည်။ 





Sunday, March 24, 2024

စာကြည့်တိုက်အကြွေး






ဒီကနေ့မနက်က မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦး ဂျူရောင်းဒေသဆိုင်ရာစာကြည့်တိုက်ကိုရောက်

သွားခဲ့ကြပါတယ်။

ရောက်သွားရသည့်အကြောင်းကတော့ စာကြည့်တိုက်ကို 'ရက်လွန်ကြေးအကြွေး' သွားဆပ်တာ

ရယ်ပါ။

အကြွေးသွားဆပ်ရင်း စာအုပ် ၂ အုပ်ပါထပ်ပြီးငှားခဲ့ဖြစ်ပါသေးတယ်။

ပထမတအုပ်က Neuropedia ပါ။

စာအုပ်အမည်လေးက တိုတိုတုတ်တုတ်နဲ့ချစ်စရာလေးဖြစ်လို့ ကောက်ပြီးကိုင်ကြည့်မိရာကနေဖတ်

ချင်တာနဲ့ ငှားခဲ့ဖြစ်သွားတယ်။

Neuro နဲ့ပတ်သက်လာရင် Neurology တို့ Neurological တို့ဆိုသည့်စကားလုံးများသာ မိမိအတွေ့

များခဲ့ပြီး အခုတခါမှာတော့ Neuropedia တဲ့။

စာအုပ်အမည်လေးက ခပ်ဆန်းဆန်းရယ်။


Pedia(paedia) ဆိုတာ သင်ယူခြင်း၊ လေ့လာဆည်းပူးခြင်း၊ ပညာ စသဖြင့်အနက်အဓိပ္ပာယ်ကောက်

ယူနိုင်မယ်ထင်ပါတယ်။ 

ဒီစကားလုံးနဲ့ဆုံးထားသည့်ဝေါဟာရ(စကားလုံး)ကို မိမိတသက်မှာ ပထမဦးဆုံးတွေ့ဖူးမြင်ဖူးခဲ့တာက

မြန်မာ့စွယ်စုံကျမ်း(Encyclopaedia) စာအုပ်မှာလို့ပြောရမှာပါ။ 

Encyclopaedia တလုံးထဲဆိုရင် 'ပညာစွယ်စုံကျမ်း'လို့ မြန်မာအဘိဓာန်စာအုပ်များတွင် အနက်ဖွင့်ရေး

ထားကြပါတယ်။


















နောက်တအုပ်က The Feeling Good Handbook ပါ။

ဒီစာအုပ်ကို အဓိကစိတ်ဝင်စားမိတာက စာအုပ်ဝေဖန်သူတဦးပြောပြထားသည့် စာအုပ်နဲ့ပတ်သက်

တဲ့သူရဲ့ ကိုယ်တွေ့ခံစားမှုပါ။

လိုရင်းကိုချုပ်ပြီးပြောရရင် "ဒီစာအုပ်က ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့

နည်းလမ်းတွေကို တဆင့်ပြီးတဆင့်ကိုယ်တိုင်ကိုယ်ကျပြောပြ(သင်ပြ)ပေးနေသလိုပါပဲ"ဆိုထားလို့

ဖြစ်တယ်။ 

"ငါ ဘာဖြစ်လို့ အခု့လိုတွေးမိနေတာလဲ။ ဒီလိုမျိုးကြီးဖြစ်နေရတာပါလဲ။ 

ဒါတွေကို ဘယ်လိုနည်းနဲ့ကျော်လွှားပြီး ငါ့ကိုယ်ကိုကောင်းအောင်နေနိုင်လဲဆိုတွေကို နားလည်သ

ဘောပေါက်ခဲ့ရပါတယ်" တဲ့။ 






































Saturday, March 23, 2024

ဒီကနေ့ ကျနော်'ကိုကိုရဲ'

 



ဟုတ်ကဲ့ပါ။
ပုံမှာမြင်ရတဲ့အတိုင်းပဲ ကိုကိုရဲ ဒီကနေ့ ပဲပေးနေတာရယ်ပါ။ 

ဒီနေ့မနက် မ၀တ်စဖူး စပို့ရှပ်အနီရဲရဲကြီးဝတ်ပြီး အပေါ်ထပ်ကဆင်းလာရင်း အဖွားကြီးကို လှေကား
ပေါ်ကနေ လှမ်းစလိုက်ပါတယ်။
"အမေကြီးရေ ဒီနေ့ အဖေကြီးကို ကောင်မလေးတွေကြည့်ရင် မနာလိုမဖြစ်ရဘူးနော်" လို့။

အဖွားကြီးကလဲ ဘာရမလဲ ခပ်ထေ့ထေ့လေးပြန်ပြောတာပေါ့။

"ဒီလောက်အထိပြင်ဆင်နေပုံထောက်ရင် မကြီးမငယ်နဲ့ ရည်းစားများရှိနေပြီလား"တဲ့လေ။












ကမ္ဘာ့ဒေါင်းဆင်ဒရုမ်းနေ့ [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၅ ]

 


မတ်လ ၂၂ ရက် မနေ့က ကမ္ဘာ့ဒေါင်းဆင်ဒရုမ်းနေ့မှာ ၂၀၁၆ခုနှစ်ကမိမိရေးတင်ထားသည့် MINDS

က မိမိချစ်သောဒေါင်းဆင်ဒရုမ်းကလေးများအမှတ်တရစာလေး ဖေ့စ်ဘွတ်မှာပြန်ပေါ်လာခဲ့ပါသည်။


MINDS(Movement for the Intellectually Disabled of Singapore)၏အထူးပညာရေးကျောင်းများ 

ပညာသင်ကြားနေကြသည့်ဥာဏ်ရည်မသန်စွမ်းကလေးများ၊ အလုပ်ခွင်သင်တန်းဌာန(Employment

Development Centre) တွင် တက်ရောက်နေကြသည့်လူငယ်လူရွယ်များနှင့်ပြုစုစောင့်ရှောက်ရေးရိပ်

သာ(Residential Home)မှာ နေထိုင်လျက်ရှိကြသည့်သက်ကြီးဥာဏ်ရည်မသန်စွမ်းသူများထဲမှဒေါင်း

ဆင်ဒရုမ်းဖြစ်နေကြသူများကို ယခုလိုနေ့မျိုးတွင် ပိုပြီးအမှတ်တရဖြစ်မိပါသည်။


















Thursday, March 21, 2024

မအို ဘယ်သူရှိပါ့မယ်

 



ယခုအခါမှာ အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် တိုက်ခိုက်ရေးအက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏အိုမင်း

ကျဆင်းလာသည့်ရုပ်ဆင်းအင်္ဂါအပေါ် သူ့ပရိသတ်အချို့ က လိုင်းပေါ်တွင် အောက်ပါအတိုင်းကျယ်

ကျယ်လောင်လောင် ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။


"အဲ ဆံပင်တွေ ပါးလာလိုက်တာများ" 

"နဖူးပေါ်မှာလဲ အရေးအကြောင်းတွေပေါ်နေလို့ပဲ"

"မျက်နှာကိုလဲကြည့်လိုက်ပါဦး၊ အရေပြားတွဲကျလာပြီး ပါးနဲ့ပါးစပ်တွေ ရှုံ့ တွတောင်နေကြပြီ"


 သူ့လို အစဉ်အမြဲကြံ့ခိုင်သန်စွမ်းပြီး အန္တရာယ်များလှသည့်စွန့်စားခန်းများကို ကိုယ်တိုင်ခက်ခက်ခဲခဲ 

သက်စွန့်ကြိုးပမ်းသရုပ်ဆောင်ခဲ့သဖြင့် လူကြိုက်များအောင်မြင်ခဲ့သူတဦးသည် အချိန်နှင့်အသက်အ

ရွယ်တို့၏တရွေ့ ရွေ့ တိုက်စားမှုကြောင့် "ယခုတော့လည်း တကယ်ကြီးကို အိုစာသွားလိုက်တာများ" 

ဟုပြောဆိုလာကြသည်။ 

သြော် ခက်ချေပြီကော။

ဂျက်ကီချန်းက သူလို ငါလို အသွေးနဲ့အသားနဲ့တည်ဆောက်ထားသည့် သက်ရှိလူသားတဦးဖြစ်သည်

ကိုများ မေ့နေတတ်ကြလေပြီလား မသိနိုင်ပေ။