Saturday, June 13, 2015

မော်လမြိုင်ကိုရောက်ပြီ


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ စနေနေ့




FB

မော်လမြိုင်ကိုရောက်ပြီ

မော်လမြိုင် ကမ်းနာလမ်းမှာရှိတဲ့ ငွေမိုးဟိုတယ်ကို ညနေခင်း ၃ နာရီခွဲမှာ ရောက်ကတည်းက တယ်လီဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အီးမေး attachmentနဲ့ laptop အထဲပြောင်းပြီးပို့နေတာ ပို့တဲ့လိပ်စာတွေဆီကိုတော့ရောက်ပါရဲ့ ။

သို့ပေမယ် connection မကောင်းလို့ ဓာတ်ပုံတွေကို ၁ ပုံမှ ဖွင့်မရလို့ အချိန်တွေသာ ကုန်သွားခဲ့ ရတယ်။ 

ဒါကြောင့် ပုံမတင်သေးပဲ စာကိုအရင်ရေးရပါမယ်။



ရန်ကုန်မှရှိတဲ့ ဇနီး၏တူမဖြစ်သူက မိမိတို့စင်ကာပူမှမထွက်လာမီကတည်းက ငွေမိုးဟိုတယ်ကို ကြိုပြီးအခန်းမှာထားပေးတာေ      ကြောင့် ဟိုတယ်ကိုရောက်တော့ အဆင်ပြေလွယ်ကူခဲ့ပါတယ်။ မုဒုံကလာစဉ်က ဇနီး၏ညီမ ၃ ဦးနဲ့တူမလေး ၁ ယောက်ပါလာခဲ့လို့ သူတို့ကို ငှားလာတဲ့ကားဖြင့် ဇနီး၏မောင်အိမ်ကို ပို့ခိုင်းရတယ်။ သူတို့ထွက်သွားတော့ မိမိက ဟိုတယ်ရှေ့ ကို ဆင်းလာပြီး အခုလိုအမှတ်တရ ဓာတ်ပုံရိုက်ပါတယ်။



ဟိုတယ်မှာ ညစာစားနေတုန်း မိုးက သဲကြီးမဲကြီးရွာချလို့ အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းပါတယ်။


ခရီးသွားလို့ တစ်နေရာကိုရောက်တိုင်း အိမ်ရှင်မက ထုံးစံအတိုင်း ပစ္စည်းထုတ်သိမ်းလုပ်လေ့ရှိတယ်။ 










ရန်ကုန်မှ မုဒုံသို့


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့



FB

From Yangon to Mudon


ရန်ကုန်အဝေးပြေးကားကြီးဂိတ်မှာ ..


ရန်ကုန်-မုဒုံအဝေးပြေးဘတ်စ်ကားကြီးပေါ်တွင် ...
သန့်ရှင်းသပ်ရပ်မှုရှိပြီး လေအေးစက်လည်း ကောင်း၊ ကားမောင်းလည်း မကြမ်းပါ။
စိတ်အေးချမ်းသာစွာ ခရီးသွားခဲ့ရသဖြင့် ကားဆရာကြီးနှင့်အဖွဲ့ကို ကျေးဇူးတင်မိပါတယ်။


 ရန်ကုန်မှမုဒုံအသွားမှာ သထုံရွှေစာရံဘုရားကို ဘတ်စ်ကားပေါ်မှ ဖူးခဲ့ရသည်။


မိမိနှင့်ဇနီးတို့ ပထမဦးဆုံးစပြီးတွေ့ခဲ့ကြသည့် ငုပင်ကြီးမရှိတော့သဖြင့် အနီးအနားရှိ မျိုးဆက်သစ်ငုပင်လေးအောက်မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။



မိမိတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြသည့် မုဒုံမြို့ ၏ကျက်သရေဆောင် ကန်ကြီးစေတီဘုရားမှာ ...



နှစ်စဉ်သင်္ကြန်အကျပ်နေ့ တိုင်း ဇနီး၏မိသားစုက ဇီးသီးနှင့်ပဲလက်သုတ်
ကျွေးလေ့ရှိသော ဒီကန်ကြီးဘုရားအရှေ့ဘက်ဆောင်းတန်းတွင်...