Tuesday, January 1, 2019

နှစ်အသစ် တစ်နှစ်ကူးပြန်လေပြီ




ဒီစာကို ၂၀၁၈ ခုနှစ်ဟောင်းမှ ၂၀၁၉  ခုနှစ်သစ်သို့ မကူးပြောင်းမီ ၂ မိနစ်ခန့်အလိုတွင် စရေးဖြစ်သည်။

နှစ်ဟောင်းနှစ်သစ် အကူးအပြောင်းနှင့်အတူ ..

ဇရာခရီးလမ်းမှာ အသက် ၁ နှစ် ပိုကြီးသွားပြီ။

မရဏခရီးသို့လည်း ခြေလှမ်းပိုနီးသွားလေပြီ။

သို့တစေ

တစ်သက်လုံး လူမှန်းသိစအရွယ်မှစပြီး လုပ်ခဲ့သည်များကား မပြီးဆုံးနိုင်သေး။

ဟိုကိစ္စ ဒီကိစ္စတွေ အစရှိသဖြင့် 
လုပ်စရာတွေ ဒုနှင့်ဒေးပင် ရှိနေသေး၏။

ဘာတွေလုပ်မှာလဲ။

ဘာ့ကြောင့် လုပ်ချင်တာပါလဲ။

ဘယ်အတွက်ကြောင့် လုပ်ရပါမည်လဲ။

အမေးများစွာရှိနေ၏။

နှစ်သစ်အဓိဋ္ဌာန်ကော ချပြီးပါပြီလား။

မိမိကိုယ်ကိုမိမိ ပြန်မေးမိသည်။။