ဒီ ဘလော့မှာ ပြောချင် ရေးချင်တာတွေကတော့ အများကြီး။
မိမိ တွေ့မြင် ကြားသိတာတွေကို တဆင့် ဖေါက်သည်ချ ပြောပြချင်တယ်။
မိမိ ဖတ်ရှု့လေ့လာထားတာတွေကို သုံးသပ်ဝေဖန် တင်ပြချင်တယ်။
မိမိ တွေးခေါ်မျှော်မြင်မိတာလေးတွေကိုလဲ ဖွင့်ဟထုတ်ဖေါ် ဆွေးနွေးချင်တယ်။
လောလောဆယ်မတော့ ဆောင်းပါးတွေနဲ့ ဓါတ်ပုံတွေကို ဒီအတိုင်းပဲ ထည့်ထားရသေးတယ်။ သေသေသပ်သပ်နဲ့ စည်းစနစ်တကျ မလုပ်ရသေးဘူး။
ခရီးသွားဓါတ်ပုံတွေနဲ့ သက်ဆိုင်တဲ့ စာတွေ မရေးထည့်ရသေးဘူး။ ဘယ်အချိန်က ဘယ်ကို ဘာကိစ္စနဲ့ သွားတယ်ဆိုတာ မပြောရသေးဘူး။ ခရီးစဉ်များနဲ့ ပတ်သက်ပြီးလည်း မြင်တွေ့ ကြားသိ ခံစားမိရတာတွေ မျှဝေခံစား မပြရသေးဘူး။
ဘလော့ကို လာတဲ့သူတွေ လာကြည့်ရကျိုး ဖတ်ရကျိုး နပ်စေချင်ပါတယ်။
ဒါက မျှဝေခံစားကြသူတိုင်းရဲ့ စေတနာရယ်ပါ။
No comments:
Post a Comment