Saturday, March 19, 2011

မြတ်ရွှေတိဂုံ Shwe Dagon Pagoda

နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအနေနဲ့ မြန်မာပြည်ကို ခေတ္တခဏပြန်ရောက် ကြတယ်ဆိုယင် ရောက်တုန်းရောက် ခိုက်ကလေးမှာ ရွှေတိဂုံဘုရားကို မရောက်ရောက်အောင်သွားပြီး ဘုရားဖူးလေ့ရှိကြတယ်။

ဘယ်လောက်အလုပ်များများ ဘာကိစ္စနဲ့ပဲ ပြန်လာပြန်လာ ရွှေတိဂုံဘုရားတက်ပြီး ကန်တော့ဖို့၊ ကိုယ့်မွေးနေ့ဒေါင့်မှာ ပန်း ဆီမီးကပ်ဖို့၊ ရေသပ္ပာယ်ဖို့၊ လှုဒါန်းဖို့ ဆုတောင်းဖို့ ဘယ်တော့မှ မေ့လေ့မရှိကြဘူး။ မိမိတို့မိသားစုအနေဖြင့် စင်ကာပူက ရန်ကုန်ကို ပြန်ရောက်တဲ့နေ့မှာပဲ ဘုရားဖူးဖြစ်အောင် သွားကြလေ့ရှိတာ။ ဘုရားဖူးရုံတင်မဟုတ်သေးဘူး ရောက်တဲ့အခေါက်တိုင်း ဓါတ်ပုံတွေရိုက်ပြီး ကြည်ညိုရတာကလဲ ရွှေတိဂုံဘုရားဓါတ်ပုံတော်မှတ်တမ်း စာအုပ်ကြီးတစ်အုပ် ထားရှိလောက်ပါရဲ့။

ယခုဓါတ်ပုံမှာ ဇနီးဖြစ်သူဒေါ်စိုးစိုးအေး ဘုရားမှာ ပန်း ဆီမီးကပ် ရေသပ္ပာယ်နေတာဖြစ်တယ်။

No comments:

Post a Comment