Saturday, April 2, 2011

အစိုးရ အပြောင်းအလဲ

၁၉၈၈ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး(၈၊၈၊၈၈)အရေးအခင်းဖြစ်ပွားခဲ့ပြီးနောက်  နိုင်ငံတော်၏ အာဏာကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့မှာ လွှဲပြောင်း ရယူခဲ့ပါတယ်။

တစ်ခါ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မယ်တော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှု
အဖွဲ့အမည်မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့အမည်သစ်နဲ့ ပြောင်းလဲဖွဲ့စည်း ခဲ့ပြန်ပါတယ်။

ယခုတစ်ဖန် ပြီးခဲ့တဲ့မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်၏အာဏာအရပ်ရပ်အား သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ပါတယ်။

အမျိုးသမီးဒုတိယ၀န်ကြီးနှစ်ဦး

အရပ်သားအစိုရအဖွဲ့တွင် ထူခြားချက်တစ်ခုကို အားလုံးက စိတ်ဝင်တစားရှိနေကြပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ၏အစိုးရအဖွဲ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးတဲ့ အမျိုးသမီးဒုတိယ၀န်ကြီးနှစ်ဦး
ခန့်အပ်ပါရှိလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ယင်းဒုတိယ၀န်ကြီးနှစ်ဦးမှာ၊
၁။ ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် - ကျန်းမာရေးဝန်ကြီးဌာနနှင့်
၂။ ဒေါ်စန္ဒာခင် - ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်ကြပါတယ်။

No comments:

Post a Comment