Monday, April 4, 2011

အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာ မြန်မာ့ရှေ့ဆောင်လမ်းပြများ

နောက်တန်း (၀ဲမှ)ဦးဝင်းထိန်(အမေရိကန်နိုင်ငံ)၊ ဦးသာဇံ၊ ဦးစိုးလွင်၊ ဦးမြင့်လွင်၊ ဦးအောင်ချိန်(စင်ကာပူနိုင်ငံ)၊ 
ဦးဇော်ဝင်း၊ ဦးထွန်းအောင်ဇံ၊ ဦးငွေလှိုင်၊ ဦးခင်မောင်လွင်၊ ဦးထွန်းမြင့်၊ ဦးစောကယ်(လ်)ဗင်(စင်ကာပူနိုင်ငံ)၊ 
ဦးသိန်းလွင်၊ ဦးမောင်မောင်(သြစတေးလျနိုင်ငံ)။၊
အလယ်တန်း (၀ဲမှ)မစ္စတာပိ(တ်)၏သမီး၊ ဒေါ်မြင့်ပြုံးဦး၊ မစ္စတာပိ(တ်)၏ဇနီး၊ မစ္စတာပိ(တ်)- ကနေဒါနိုင်ငံ၊ 
ဒေါ်ခင်ခင်ထွေး(အမေရိကန်နိုင်ငံ)၊ ဒေါ်လဲ့လဲ့ဆွေ(စင်ကာပူနိုင်ငံ)၊ ဒေါ်သွယ်သွယ်အေး(သြစတေးလျနိုင်ငံ)။ 
ရှေ့တန်း(၀ဲမှ)ဦးဂျဲရယ်စ၀်(သြစတေးလျနိုင်ငံ)၊ ဦးတင်အောင်။
 
အထက်ကဓါတ်ပုံလေးကို ဆရာဦးစောကယ်(လ်)ဗင်ထံမှ စာရေးသူ မနေ့က ရရှိခဲ့တာဖြစ်တယ်။ သူက အီးမေးဖြင့် 
ပို့ပေးလိုက်တာ။ သူ့ဆီကိုတော့ အမေရိကန်မှာရောက်နေတဲ့ ဆရာဦးဝင်းထိန်က ပို့ပေးခဲ့တာလို့ ပြောပါတယ်။ 
 
ဒီဓါတ်ပုံလေးက ရှားပါးဓါတ်ပုံတစ်ပုံလို့ ပြောရပါမယ်။ အင်္ဂလန်ကနေပြီး ကနေဒါနိုင်ငံကိုပြောင်းသွားခဲ့တဲ့ 
အကြောအဆစ်ကုပါရဂူ ဒေါက်တာပိ(တ်)ကို သူရဲ့မြန်မာတပည့်များ အတော်လေးစုံစုံညီညီနဲ့ ရိုက်ထားတဲ့ဓါတ်ပုံကို 
ဒီတစ်ခါပဲ တွေ့ဖူးသေးတာပါ။ ဒါကြောင့်မို့လို့ မျိုးဆက်သစ်မြန်မာအကြောအဆစ်ကုပညာရှင်များ(Physiotherapist)
မြင်သိကြားဖူးစေရန် ဖေါ်ပြပေးလိုက်ရတာဖြစ်တယ်။ 

No comments:

Post a Comment