ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက မြန်မာပြည်မှာ အပူချိန်မြင့်မားလွန်းလို့ လူအသေအပြောက်များခဲ့ရတာ မှတ်မိကြဦးမှာပါ။ အထူးသဖြင့် ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များတာဖြစ်တယ်။
ယခုတလောလေးမှာ အပူရှိန်မြင့်လာတာနဲ့ လူအချို့ ရုတ်တရက်အပူရှပ်ပြီးသေတာမျိုး ရှိလာတယ် ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနက ယခုလဆန်းပိုင်းမှာ အပူဒဏ်ကာကွယ်ရေး သတိပေးနိုးဆော်ချက်တွေ ထုတ်ပြန်ခဲ့ရတယ်။
လောလောဆယ်မှာတော့ အပူချိန်က မနှစ်ကလောက် သိပ်မမြင့်သေးပေမယ့် အပူရှိန်ရဲ့ဒဏ်ကိုတော့ သိသိသာသာ ခံစားလာရပြီလို့ ကြားသိရတယ်။ မန္တလေးကလူတစ်ချို့ဆိုရင် ပူလွန်းလို့ ညဖက်တွေမှာ အိပ်မရကြဘူးလို့ ငြီးစပြုလာကြပြီ။
No comments:
Post a Comment