ယနေ့ထုတ်ကြေးမုံသတင်းစာမှာ ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာနှစ်စုံအား ခွဲစိတ်ကု သပေးရန် ကျန်းမာရေးဝန်ထမ်းများက စီစဉ်ပြင်ဆင်လျက်ရှိကြောင်း ဖတ်ရှုရပါတယ်။ အသက် ၂ နှစ် ၆ လ ရှိပြီဖြစ်တဲ့ အင်ကြင်းခိုင်နဲ့အင်ကြင်းလှိုင်တို့ အမြွှာညီအစ်မနဲ့ အသက် ၂ နှစ် ၃ လရှိပြီဖြစ်တဲ့ ရန်ကင်း နဲ့ရန်ရှင်း အမြွှာညီအစ်ကိုတို့ ဖြစ်ကြတယ်။
ရင်ချင်းဆက်အမြွှာလို့ ပြောကြတာနဲ့ ဒါမှမဟုတ် ကြားလိုက်ကြရတာနဲ့ မြန်မာအတော်များများက မနန်း စိုးနဲ့ မနန်းစံတို့ ရင်ချင်းဆက်အမြွှာညီအစ်မတွေကို ပြေးပြီးသတိရမိကြမှာဖြစ်တယ်။
၁၉၇၁ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံမှာ မြန်မာကလေးခွဲစိတ်ကုဆရာဝန်ကြီးများကိုယ်တိုင် နိုင်ငံရပ်ခြား မှ အကူအညီ တစုံတရာမပါပဲ ပထမဦးဆုံးအောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တာဖြစ်လို့ မနန်းစိုးနဲ့ မနန်းစံတို့ အမြွှာညီအစ်မနဲ့သူတို့ရဲ့မိဘများအတွက် မြန်မာတစ်နိုင်ငံလုံးက အတိုင်းမသိဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ ကြရသလို မြန်မာဆေးပညာရှင်များ(ခွဲစိတ်၊ သမားတော်၊ မေ့ဆေး၊ သူနာပြု အစရှိသည့်)ရဲ့ ကမ္ဘာ့စံချိန်မီ ကျွမ်းကျင်မှုအရည်အသွေးအတွက်လည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူနိုင်ခဲ့ကြတာဖြစ်တယ်။ မြန်မာ့ဆေးပ ညာအောင်မြင်မှု သမိုင်းမှတ်တိုင်တစ်တိုင်ဆိုရင် မမှားပါဘူး။
မနန်းစိုးနဲ့ မနန်းစံတို့ ရင်ချင်းဆက်အမြွှာညီအစ်မနှစ်ဦးအား ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများဖြစ် ကြတဲ့ ဒေါက်တာဦးဖေညွန့်နဲ့ဒေါက်တာဦးထွဋ္ဋ်ဆိုင်တို့ကဦးဆောင်ပြီး ဒေါက်တာစောဆိုင်မွန်နဲ့ဒေါက်တာ ဦးသိန်းအောင်တို့ရဲ့အကူအညီနဲ့ တစ်ဦးစီအဖြစ်ခွဲစိတ်ပေးခဲ့တာဖြစ်တယ်။ အဲဒီလို နိုင်ငံတစ်ဝှမ်းလုံး ၀မ်း မြောက်ဝမ်းသာဖြစ်နေကြရစဉ်မှာပဲ မမျှော်လင့်တဲ့ဝမ်းနည်းစရာသတင်းတစ်ရပ်က ကြားရသူတိုင်းအဖို့ ကျေကွဲဖွယ်ရာ ပေါ်ပေါက်လာခဲ့ရပြန်ပါတယ်။ သားဖြစ်သူဆရာဝန်က လူနာနှစ်ဦးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေစဉ်မှာ ဆရာဝန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ရတာဖြစ်တယ်။ သေခါနီးဖခင်ကြီးက သားဆရာဝန်ရဲ့မွန်မြတ်လှတဲ့အလုပ်ကို မထိခိုက်စေလိုတာကြောင့် သူရဲ့ကျန်းမာရေးအခြေအနေဆိုးလာ ကြောင်း ခွဲခန်းထဲမှသားဆရာဝန်ဦးထွဋ္ဋ်ဆိုင်အား အသိမပေးစေခဲ့ခြင်းပဲဖြစ်ပါတယ်။
ဝမ်းနည်းစရာနောက်ဆက်တွဲသတင်းတစ်ရပ်ကတော့ ခွဲစိတ်ပြီး တစ်လကျော်အကြာမှာ မနန်းစံလေး ကွယ်လွန်သွားရှာပြီဆိုတဲ့သတင်းဆိုးကို တစ်နိုင်ငံလုံးက စိတ်ထိခိုက်စွာ ကြားသိကြရခြင်းဖြစ်ပါတယ်။
မနန်းစိုးနဲ့ မနန်းစံတို့ ရင်ချင်းဆက်အမြွှာညီအစ်မတွေကို သမိုင်းဝင်အောင်မြင်စွာခွဲစိတ်ပြီးတဲ့နောက်ပိုင်း မှာ နောက်ထပ်သမိုင်းဝင်ခွဲစိတ်အောင်မြင်မှုများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပါတော့တယ်။
(၁) မနန်းစိုး၊ မနန်းစံ (ဇူလိုင် ၇ ရက်၊၁၉၇၁)
(၂) အေးအေးငြိမ်း၊ အိအိငြိမ်း (ဇူလိုင် ၂၅ ရက်၊၁၉၉၃)
(၃) မိုးပပအောင်၊ မိုးပပမောင် (၂၀၀၂ ခုနှစ်)
(၄) စိုပြေလင်း၊ စိုပြေ၀င်း (အောက်တိုဘာ ၁၀ ရက်၊ ၂၀၀၉)
(၅) အင်ကြင်းခိုင်၊ အင်ကြင်းလှိုင် (ခွဲစိတ်ကုသမှုခံယူရန် ပြင်ဆင်နေဆဲ)
(၆) ရန်ကင်း၊ ရန်ရှင်း (ခွဲစိတ်ကုသမှုခံယူရန် ပြင်ဆင်နေဆဲ)
၂၀၁၁ ခုနှစ် မေလ ၁၃ ရက်က Burma Strange News ဘလော့မှာ မိုးပပအောင်နဲ့ မိုးပပမောင်တို့ရဲ့ နာမည်များကို မျိုးပပနဲ့ မျိုးမမလို့ အမည်ပြောင်းလိုက်ကြောင်း သိရှိရပါတယ်။
မနန်းစိုးနဲ့ မနန်းစံတို့ ရင်ချင်းဆက်အမြွှာညီအစ်မနှစ်ဦးအား ခွဲစိတ်ကုသပေးခဲ့သော ပါမောက္ခနှင့်ခွဲစိတ် အထူးကုဆရာဝန်ကြီးဦးထွဋ္ဋ်ဆိုင် (FRCS, FAAP, FHKCPS)သည် ၂၀၁၀ ခုနှစ်တွင် ဟောင်ကောင်၌ ကွယ်လွန်သွားခဲ့ပါသည်။
စာညွှန်း
၁။ ကြေးမုံသတင်းစာ - ၉၊၆၊၂၀၁၁
၂။ Popular News JournalJ - ၁၈၊၅၊၂၀၁၁
၃။ မဇ္ဈိမ - ၂၁၊၁၊၂၀၀၉
No comments:
Post a Comment