ကြီးအိုနပ်နဲ့ ကြီးအ,မ
အမျိုးသမီးကြီးတစ်ဦးက သူ့အသက် ၅၀ နှစ်ပြည့်တဲ့မွေးနေ့မှာ မျက်နှာခွဲစိတ်အလှပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဒါနဲ့ ပေါင် ၁၅,၀၀၀ အကုန်အကျခံခွဲစိတ်ပြီး ပြောင်းလဲနုပျိုသွားတဲ့မျက်နှာအသစ်လေးကို အ တော်လေးကျေနပ်သွားပါတော့တယ်။
ခွဲစိတ်အလှပြုပြင်အပြီး အိမ်အပြန်လမ်းမှာ သတင်းစာဝယ်ဖို့ သတင်းစာရောင်းတဲ့ဆိုင်ထဲ ၀င်လိုက်ပါ တယ်။ သတင်းစာဝယ်ပြီး ဆိုင်ထဲကမထွက်ခင် ဆိုင်ရှင်ကိုသူမက အခုလိုမေးလိုက်ပါတယ်။
“ဒီမှာ တစ်ဆိတ်မေးကြည့်ပါရစေ။ ကျမအသက် ဘယ်လောက်ရှိပြီလို့ထင်ပါသလဲ”
“၃၂ နှစ်”လို့ ဆိုင်ရှင်က ပြန်ဖြေလိုက်တော့၊
“အဲ မှားတယ်။ ကျမရဲ့အသက်က ၅၀ အတိပါ”လို့ အမျိုးသမီးကြီးက ၀မ်းသာစွာပြောခဲ့ တယ်။
ခဏကြာတော့ စတိုးဆိုင်တစ်ဆိုင်ထဲဝင်တဲ့ပြီး ကောင်တာကအမျိုးသမီးလေးကို စောစောကအတိုင်း မေးတော့ အမျိုးသမီးလေးက “၂၉ နှစ်လို့ ထင်ရတာပဲ”လို့ ဖြေတာနဲ့ သူမက “ဟုတ်ရပါဘူးတော်၊ ၅၀ ပါအေ့”လို့ လှိုက်လဲကျေနပ်စွာပြုံးရင်း ပြောခဲ့တယ်။
အခုဆိုရင် အမျိုးသမီးကြီးက သူ့ကိုယ်ကိုသူ အရမ်းကိုကျေနပ်နေမိတာ။
ဒါနဲ့ လမ်းဆက်လျေက်သွားရင်း သွားတိုက်ဆေးဝယ်ဖို့ နောက်တစ်ဆိုင်ထဲဝင်ကာ ကောင်တာကအမျိုး သမီးလေးကို သူသိပ်ပြီးသိချင်နေတဲ့ စောစောကမေးခွန်းလေးကိုမေးလိုက်ရာ၊ “၃၀ ပါ” လို့ဖြေတာမို့၊ “ကျေးဇူးပါကွယ်။ ဒါပေမဲ့ ၅၀ ရှိပြီဟဲ့”လို့ ခပ်ကြွားကြွားလေး ပြောလိုက်သတဲ့။
ဒီလိုနဲ့ ဘတ်စ်ကားမှတ်တိုင်မှာကားစောင့်နေရင်း အနားကအဖိုးကြီးကို မနေနိုင်မထိုင်နိုင်နဲ့ စောစောက အတိုင်းမေးပြန်ပါတယ်။
အဖိုးကြီးက “အင်း၊ ငါ့ အသက်က ၇၈ နှစ်ရှိမို့ မျက်စိတွေမှုန်နေပြီကွယ့်။ ဟို ငယ်ငယ်တုန်းက ဆိုရင် တော့ မိန်းမတွေရဲ့ အသက်ကို သေချာပေါက်ပြောနိုင်တဲ့နည်းရှိခဲ့တာပေါ့လေ။ အဲ အခု နေများတော့ .. ဘွင်းဘွင်းပဲပြောရရင်၊ မင်းရဲ့ ဘရာစီယာအောက်ကို ငါ့လက်တွေနဲ့စမ်းကြည့် ခွင့်ရမယ်ဆိုရင်တော့၊ မင်းအသက်ဘယ်လောက်ရှိပြီဆိုတာ ကံသေကံမကြီးကိုပြောနိုင်မှာပေါ့ ကွယ်။” လို့ပြောပါသတဲ့။
ဒီအခါမယ် နှစ်ဦးလုံးတိတ်တိတ်ဆိပ်ဆိပ်ဖြစ်သွားကြပြီး ခဏကြာတော့ အမျိုးသမီးကြီးက သူမရဲ့ သိပ် ပြီးစူးစမ်းသိချင်လွန်းတဲ့စိတ်ကို အောင့်အီးမထားနိုင်တာနဲ့ “ဟုတ်ပြီလေ၊ ဘာအရေးမို့ လဲ၊ ရှင်ပြောတဲ့ အတိုင်း လုပ်တာလုပ်ပါ”လို့ မီးစိမ်းပြလိုက်တယ်။ (မူရင်းစာမှာ အဘိုးကြီး စမ်းတာတွေကို <တစ်နည်း> တောင်လုပ်မြောက်လုပ်လုပ်တာတွေကို အသေးစိတ်ရေးထားပေမယ့်၊ စာပေစိစစ်ရေးနဲ့မလွတ်မှာစိုးတဲ့ သူငယ်နာ မစင်တတ်သေးလို့ သဘောလောက်ပဲချုပ်ပြီးရေးပါ့မယ်။ စာရေးသူ)။ အဘိုးကြီးက မိနစ်အ နည်းငယ်လောက်စမ်းကြည့်ပြီးတဲ့အခါ၊
“နင့်အသက် ၅၀”လို့ ပြောလိုက်တယ်။
အဘိုးကြီးရဲ့ အဖြေက သွေးထွက်အောင်မှန်တာမို့ အမျိုးသမီးကြီးခမျာထိတ်လန့်တုံလှုပ်သွားပြီး “အရမ်း အရမ်းကိုမှန်တာပဲရှင်။ ဒါနဲ့ ရှင်ဘယ်လိုလုပ်ပီး ပြောနိုင်ပါလိမ့်နော်”လို့ မေးတော့၊
အဘိုးကြီးက “အမှန်အတိုင်းပြောရင် စိတ်မဆိုးဘူးလို့ ကတိပေးနိုင်မလား”ပြောပါသတဲ့။
ဒီအခါမှာအမျိုးသမီးကြီးက “ကဲပါ ပြောမှာသာပြောပါ။ စိတ်မဆိုးပါဘူး။ ကတိပေးပါတယ်”ဆို တော့
အဘိုးကြီးက -
“စောစောကစတိုးဆိုင်ထဲတုန်းက မင်းရဲ့ နောက်နားမှာ ငါ ရှိနေခဲ့တာလေ”
စာကိုး။ ။ Wise old men - Beware of older men - they only get wiser !
ရှင်းလင်းချက်။ ။ စာရေးသူမှဖန်တီးပေးထားသော အမည်များကို ရှင်းပြရခြင်းဖြစ်ပါတယ်။
၁။ ကြီးအိုနပ်
အသက်ကြီးပြီး အိုလာသော်လည်း တစ်ခုခုတစ်နေရာရာမှာ ပါးနပ်လွန်းလေသူ။
၂။ ကြီးအ,မ
အသက်ကကြီးပြီး မအိုသေးသော်လည်း တစ်ခုခုတစ်နေရာရာမှာ ‘အ’ကို‘အ’လွန်းတတ်သူ။
‘မ’ - အမျိုးသမီး။
No comments:
Post a Comment