ပြီးခဲ့သည့်သုံးလေးရက်က စာရေးသူတို့အလုပ်ဋ္ဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် သူ့လက်ကောက် ၀တ်နှင့်လက်ချောင်းလေးများ နာနေ ထုံနေသဖြင့် စာရေးသူထံလာပြီး တိုင်ပင်မေးမြန်းလာသည်။ သူ့ လက်အားကြည့်လျက်မေးခွန်းတစ်ချို့ မေးပြီး လက်ကောက်ဝတ်အနီးအနားမှာ အာရုံကြောဖိညပ်ခြင်း (Carpal Tunnel Syndrome) ဖြစ်နိုင်ကြောင်း ပြောပြရသည်။ သူကလည်း ဆေးဘက်ပညာရှင်တစ်ဦး (occupational therapist) ဖြစ်သဖြင့် စာရေးသူပြောသည်ကို ချက်ချင်းသိရှိသဘောပေါက်ကာ ယင်း ဝေဒနာဖြစ်နိုင်ကြောင်း ယုံကြည်၏။ စာရေးသူက ကွန်ပြူတာသုံးတာနှင့်ပတ်သက်ပြီးမေးရာ သူက စာ ရိုက်တိုင်းလက်ကောက်ဝတ်နေရာအား စားပွဲစောင်းတွင်တင်(ထောက်)ပြီးရိုက်လေ့ရှိကြောင်း ပြောပါ သည်။ ယင်းအနေအထားမှာ လက်ကောက်ဝတ်အနီးရှိအာရုံကြော(median nerve)ကို ကြာရှည်ဖိခြင်းဖြစ် စေပါသည်။
လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တစ်ခြမ်းတို့တွင် ဝေဒနာခံစားရပုံ။ ဓါတ်ပုံ - 2004 Medicine Net, Inc. |
အာရုံကြော (median nerve) အား လက်ကောက်ဝတ်အနားရှိ ကန့်လန့်ဖြတ်အရွတ်ပြားကြီး (transverse carpal ligament) အောက်တွင် ဖိညပ်ခံရတတ်သည်။ |
Thanks for this important reminder about hand-care, Saya TMA!
ReplyDeleteOf course, all of our body parts including the hands are utmost important in our daily lives!
Treasure everything and use very carefully.
As human body is not like a motor car, we can't replace everything easily when our organs and its functions are not working.