ယနေ့ထုတ် သစထရိတ်တိုင်း(မ်)(The Straits Times)သတင်းစာ၌ “မောင်စကြ၀ဋ္ဌာဟောင်းကြီး(Ex-Mr Universe) အသက် ၁၀၀ ပြည့်ပြီ”ဟူသောခေါင်းစဉ်ဖြင့် အေပီ (Associated Press) သတင်းဋ္ဌာနမှလာ သည့်သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မောင်စကြ၀ဋ္ဌာဟူသော စကားလုံးကိုတွေ့ရသောအခါ အ နောက်နိုင်ငံသားတစ်ဦးဦးဖြစ်မည်ဟု စိတ်မှအလိုလို တွေးထင်ထားခဲ့မိ၏။ ‘အသက် ၁၀၀’ဆိုကတည်း က အလွန်ပင်စိတ်ဝင်စားနေပြီးဖြစ်ရာ မိမိထင်မှတ်ထားသကဲ့သို့ အနောက်နိုင်ငံသားတစ်ဦးမဟုတ်မူပဲ အာရှတိုက်သားတစ်ဦးဖြစ်ကြောင်း ထပ်ကာသိလိုက်ရသောအခါ အံ့သြခြင်းနှင့်အတူ ဂုဏ်ယူဝမ်းမြောက် ခြင်းပါ ခံစားရမိတာ့၏။
ဒို့အာရှတိုက်သားများထဲမှ“မောင်စကြ၀ဋ္ဌာ”ဘွဲ့ရခဲ့ဖူးတာ အရှိသားကလား။
မောင်စကြ၀ဋ္ဌာဟောင်းကြီး ဖိုးသက်ရှည်။ ဓါတ်ပုံ - အင်တာနက်။ |
မောင်စကြ၀ဋ္ဌာဘွဲ့ရခဲ့စဉ်က ဖုကြွလုံးထစ်ကိုယ်ဟန်နှင့် ယခုဖိုးဗလ။ ဓါတ်ပုံ - အင်တာနက်။ |
No comments:
Post a Comment