Sunday, April 1, 2012

အစိုးရမရှိသော တိုင်းပြည်သို့တစ်ခေါက် (၂)

အန့်တ်ဝ(ပ်)မြို့  (Antwerp)

ပြီးခဲ့သော ဇန်န၀ါရီလ ၂၃ ရက်က “အစိုးရမရှိသော တိုင်းပြည်သို့တစ်ခေါက်”ဟူသည့်ခေါင်းစဉ်ဖြင့် ဤ ဘလော့စာမျက်နှာတွင်ရေးခဲ့ရာ၌ အောက်ပါအတိုင်း အဆုံးသတ်ထားပါ၏။

သို့ဖြင့် နေ့ ၁၂ နာရီကျော်တွင် ဘယ်လဂျီယံနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ကြီးဖြစ်သည့် အန့်တ် ၀(ပ်)မြို့  (Antwerp)သို့ ရောက်ရှိခဲ့သည်။ ဤမြို့ မှာ ကမ္ဘာ့စိန်မြို့ တော်(the diamond capi- tal of the world) အဖြစ် ထင်ရှားသည်ဆို၏။ 

တရားဝင်ဖွဲ့ထားသည့်အစိုးရမရှိသောနိုင်ငံသို့ မိမိအနေဖြင့် ပထမဦးဆုးံအကြိမ် ရောက်ဖူးခဲ့ရ ခြင်းဖြစ်ပါလ၏။ 

အန့်တ်ဝ(ပ်)မြို့  (Antwerp)သို့ ရောက်ရှိပြီဖြစ်ကြောင်း ဧည့်ကြိုအမျိုးသမီးကြီးကပြောတော့မှ မိမိခရီးစ, ထွက်လာခဲ့သည့်နယ်သာလန်နိုင်ငံ၏နယ်စပ်အားဖြတ်ကျော်ခဲ့ပြီး ဘယ်လဂျီယံနိုင်ငံထဲသို့ ၀င်လာပြီးဖြစ် ကြောင်း သတိပြုမိ၏။ အန့်တ်ဝ(ပ်)မြို့ သည် ဘယ်လဂျီယံနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ကြီးဖြစ်ပြီး အန့်တ် ၀(ပ်)ပြည်နယ်(Antwerp Province)၏မြို့ တော်လည်း ဖြစ်လေသည်။ 

 

အမ်စတာဒမ်မှစီးလာသောဘတ်စ်ကားနှင့် မိမိ၏ခရီးသွားဖော်တစ်ချို့ ။ (ဓါတ်ပုံ - ဖိုးတာ)

 

 

မြို့ လယ်ရင်ပြင်ရှိ ဘရာဘိုရုပ်တုရှေ့ တွင် အမှတ်တရ။ (ဓါတ်ပုံ - ဖိုးတာ)

 

အန့်တ်ဝ(ပ်)မြို့ ထဲသို့ မိနစ်အနည်းငယ်မျှ မောင်းလာပြီးနောက် စာရေးသူတို့စီးလာသောဘတ်စ်ကား က မြို့ လယ်ရင်ပြင်(Town Square) အနီးတွင်ရပ်လိုက်ပါသည်။ ခရီးသည်အားလုံး ကားထဲမှဆင်းလိုက် ကြ၏။ ခေတ္တအနား ယူရင်း နေလည်စာစားရန်၊ ဘရာဘိုရုပ်တု(Brabo monument)နှင့်မြို့ တော်ခန်းမ စသည်တို့အား ကြည့်ရှု ရန်ဟု ဧည့်ကြိုကပြောသည်။ လမ်းကိုဖြတ်ကူးပြီး ခြေလှမ်း လေး ငါးဆယ်ခန့် လျောက်သွားသောအခါ နို့စိမ်းရောင်သုတ်ထားသည့် ဘရာဘိုရုပ်တုကြီးကို လက်ဝဲဖက်တွင်တွေ့ရသည်။ ယင်းရုပ်တုကြီး၏အနောက်ဖက်တွင် မြို့ တော်ခန်းမ(Town Hall)ရှိပြီး အနီးဝန်းကျင်၌ ခရီးသွားအဖွဲ့များ ဥဒဟိုသွားလာကြရင်း အမှတ်တရဓါတ်ပုံများ ရိုက်နေကြသည်။ 

မိမိလည်း အားကျမခံ ရိုက်ခဲ့ပါသေးသည်။

 

အန့်တ်ဝ(ပ်)မြို့ လယ်ကောင်မှာ နွားတစ်ကောင်နဲ့ ...။ (ဓါတ်ပုံ - ဖိုးတာ)

ဘရာဘိုရုပ်တုကြီးနှင့်ပတ်သက်၍သိရသည်မှာ ‘စရှဲ့ ဒ’မြစ်အနီးတွင်နေထိုင်လျက်ရှိသည့် ဘီလူးကြီး၏ လက်တစ်ဖက်ကိုဖြတ်ပြီး ထိုမြစ်အတွင်းသို့လွှင့်ပစ်ခဲ့သော ’ဘရာဘို’အမည်ရှိ လူငယ်သူရဲကောင်းလေး ၏ အမှတ်တရရုပ်တုဟု ဧည့်ကြိုကပြောပါသည်။ ဤမြို့ မှာ ဗိသုကာလက်ရာမြောက်လှသည့်ရှေးခေတ် အဆောက်အဦများဖြင့်လည်း ထင်ရှားလေသည်။ 

စာရေးသူတို့ခရီးသွားများသည် ဧည့်ကြိုဦးဆောင်ခေါ်ဆောင်ရာသို့လိုက်ရင်း သူကပြပေးသည် များနှင့် ရှင်းလင်းပြောပြသည်တို့အား နားထောင်ရသည်။ တစ်ခါတစ်ခါမှာ ဓါတ်ပုံရိုက်စရာတွေ့က အုပ်စုမှခေတ္တ ခွာကာ ဓါတ်ပုံရိုက်ရင်း နောက်ကျကျန်ရစ်တတ်သည်။ ဓါတ်ပုံရိုက်စရာရှိသည်တို့ကို ကတိုက်ကရိုက်ရိုက် ပြီးမှ ရှေ့ ကိုရောက်သွားသည့်အုပ်စုနောက်သို့ အမြန်မီအောင်လိုက်ရ၏။ တစ်ခါတစ်ရံ မိမိ၏အုပ်စုအား မျက်ခြည်ပြတ်သွားကာ ပြန်တွေ့အောင် အတော်လေးရှာယူရတတ်၏။ ဧည့်ကြိုက ထီးအရွက်များခေါက် ကာ မြင်သာအောင်ခပ်မြင့်မြင့်လေးကိုင်ထားသော အ၀ါရောင်ထီးကို ရှာရသည်။ အခြားသောခရီးသွား အုပ်စုမှဧည့်ကြိုများကလည်း အစိမ်းရောင် အပြာရောင် အနီရောင် အနက်ရောင်စသည်ဖြင့် အရောင်ကွဲ ထီးများကို ကိုင်ဆောင်ကြလျက် အမှတ်အသားပြုကြလေသည်။ 

 

ဧည့်ကြို(ယာဖက်ထိပ်)က ထီးအ၀ါကိုကိုင်လျက် ခရီးသွားများ၏ ရှေ့ မှဦးဆောင်သွားနေပုံ။ (ဓါတ်ပုံ - ဖိုးတာ)

 

ဧည့်ကြိုက ပြစရာရှိသည်များကိုပြသရှင်းလင်းပြောပြပြီးသောအခါ မိမိတို့ ခရီးသွားများအနေဖြင့် အနီး တစ်ဝိုက်တွင် မိမိတို့ဖာသာ ဆက်လက်ကြည့်ရှုကြရန် အချိန်ပေးပါသည်။ နောက်ပြီး စောစောကဘတ်စ် ကားရပ်ထားသည့်နေရာ၌ မည်သည့်အချိန်တွင် အားလုံးပြန်ဆုံကြမည်ဟုမှာကြားခဲ့လေသည်။ စာရေးသူ သည် မိမိတို့၏ခရီးသွားအုပ်စုမှခွဲထွက်ပြီး ဗိသုကာလက်ရာမြောက်လှသည့်ရှေးခေတ်အဆောက်အဦများ ကို လှည့်လည်ကြည့်ရှုရင်း ဓါတ်ပုံများကိုစိတ်တိုင်းကျရိုက်ပါသည်။ တစ်ချိန်တည်းမှာ မောင်ထမင်းကြိုက် (Mr rice eater)ပီပီ ထမင်းစားလို့ရမည့်စားသောက်ဆိုင်ကိုရှာရသေး၏။ သို့သော်မတွေ့သဖြင့် အာရပ်လူ မျိုးများဖွင့်ထားသောဆိုင်၌ ပေါင်မုန့်ကြက်ဥကြော်စားရင်း ခဏတဖြုတ်နားရသည်။

 

 

ဆက်ပြီးရေးပါဦးမယ်။


No comments:

Post a Comment