ဒီအရွယ် ... ဖိုးဖိုးတို့အရွယ်
အဖိုးကြီးသုံးဦးတို့ဟာ
ကော်ဖီအတူသောက်နေကြရင်း ‘ဘယ်အသက်အရွယ်ဟာ အဆိုးဆုံးလဲ’ ဆိုတာ ကို ပြောဆိုနေကြသတဲ့။
အသက်
၆၀ ရှိပြီဖြစ်တဲ့အဖိုးအိုက “ခြောက်ဆယ်က အဆိုးဆုံးပဲကွ”လို့ စပြီးပြောလိုက်ပါတယ်။
ခဏခ ဏကို သေးထွက်ချင်နေတတ်တဲ့အကြောင်း၊ အိမ်သာမှာ သွားရပ်ပြီး ပေါက်ပြန်တော့လည်း
လုံဝမထွက် တာကများကြောင်း ပြောပါသတဲ့။
ဒီအခါမှာ
အသက် ၇၀ ရှိပြီဖြစ်တဲ့အဖိုးအိုက “အဲဒါက ဘာဟုတ်သေးလို့လဲ” လို့ ၀င်ပြောပြီး အသက် ၇၀
ရှိတဲ့အခါ ၀မ်းချုပ်တတ်တဲ့အကြောင်း၊ ၀မ်းနှုတ်ဆေးစားလည်း သွားချင်မှသွားကြောင်းနဲ့
အိမ်သာထဲမှာ တစ်နေ့လုံးထိုင်နေတာတောင် ၀မ်းက သူထွက်ချင်မှထွက်ကြောင်း ပြောပါသတဲ့။
နောက်တစ်ဦးဖြစ်တဲ့
အသက် ၈၀ အရွယ်အဖိုးအိုကမူ “တကယ်တော့ အသက် ၈၀ ကမှ အဆိုးတကာ့ အဆိုးဆုံးပါမောင်တို့ရယ်”
လို့ ပြောပါသတဲ့။
ဒါနဲ့
အသက် ၆၀ ရှိပြီဖြစ်တဲ့အဖိုးအိုက”ဘာများပါလဲဗျ၊ ခဏခဏ သေးထွက်ချင်ပြီး မထွက်တာကြောင့် လား”
လို့ မေးလိုက်တော့ အသက် ၈၀ အရွယ်အဖိုးအိုက ”သေးနဲ့ပတ်သက်ပြီး ဘာပြသနာမှ
မရှိပါဘူး ဗျ၊ နံနက် ၆ နာရီဆို ပုံမှန်ထွက်နေကျပဲ။ ထွက်တာမှ မြင်းသေးပေါက်သလိုကို
ဒလဟောထွက်တာ” လို့ ပြန်ပြောပါသတဲ့။
”ဒါဖြစ်ရင်ဗျာ၊
ဝမ်းပြသနာများဖြစ်နေလို့လား” လို့ အသက် ၇၀ အရွယ်အဖိုးအိုက ၀င်မေးတဲ့အခါ ”အဲဒါ လည်း
မဟုတ်ရပြန်ဘူး။ နံနက် ၆ နာရီခွဲဆိုရင် ၀မ်းက အချိန်ကိုမှန်နေတာပဲ” လို့ အသက် ၈၀
အရွယ်အ ဖိုးအိုက ဖြေပါသတဲ့။
ဒီအခါမှာ
‘ဖိုး၆၀’ က စိတ်မရှည်တော့ပဲ ”ဒါဆိုရင် ကျုပ်ပြောမယ်၊ ခင်ဗျားဟာက နံနက် ၆ နာရီ
ထိုးတိုင်း သေးက ပုံမှန်ထွက်တယ်။ တစ်ခါ နံနက် ၆ နာရီခွဲတာနဲ့ ၀မ်းက
အချိန်ုမှန်သွားတယ် ဆိုရင် ဘာဆိုးတာ များရှိသေးလို့လဲဗျ”လို့ မေးလိုက်တော၊့
‘ဖိုး၈၀’
က..
”ဒီလိုလေဗျာ၊
ကျုပ်က နံနက် ၇ နာရီ မထိုးမချင်း အိပ်ယာကမှ မနိုးတတ်တာ”လို့ ပြန်ပြောလိုက်ပါသတဲ့။
မှတ်ချက်။ ။ အထက်က ရယ်စရာအကြောင်းလေးကိုဖတ်ပြီး တစ်ချို့ က "ရယ်လည်း မရယ်ရဘူး" "ဘာ မှလည်း နားမလည်ဘူး" လို့ ရေးထားတာတွေရှိပါတယ်။ အဲဒီနဲ့ပတ်သက်ပြီး မိမိအနေနဲ့ ခံစားနားလည်မိ တာလေးကို နဲနဲဆက်ရေးပါ့မယ်။ စောင့်ဖတ်ကြပါဦးလို့။
မေလ ၁၂ ရက်၊ နံနက် ၁ နာရီ ၃၅ မိနစ်။ ။
ဒီရယ်စရာအကြောင်းလေးကို
updates@flowgo.com က Do
You Know What The Worst Age To Be Is? မှ တိုက်ရိုက်ပြန်ထားတာပါ။ ‘ဖိုး၆၀’ နဲ့
‘ဖိုး၇၀’ တို့ကြုံကြရတဲ့ဒုက္ခက တော့ ရှင်းပါတယ်။ ‘ဖိုး၈၀’ ရဲ
့အ ဖြစ်ကို နားလည်ကြရာမှာ နားလည်ပုံနားလည်နည်း ကွာခြားမှု ရှိကြမယ်ထင်ပါတယ်။
ဒါ့ကြောင့်မို့ "ရယ် လည်း မရယ်ရဘူး" "ဘာမှလည်း နားမလည်ဘူး"
လို့ ပြောကြတာ။
မိမိနားလည်ခံစားမိတာကို
လိုရင်းပြောရမယ်ဆိုရင် ‘ဖိုး၈၀’ရဲ့ ဒုက္ခက အတော့်ကို ကြီးပါတယ်။ သူတင် မ ဟုတ်သေးဘူး။
သူ့ကို ပြုစုစောင့်ရှောက်နေတဲ့မိသားစုအတွက်လည်း ဒုက္ခက အတော်ကြီးကို ကြီးတာပါ ပဲ။
ဘာ့ကြောင့်လဲဆိုတော့ ‘ဖိုး၈၀’ က အိပ်ပျော်နေတုန်းမှာ အိပ်ရာထဲ ဆီးတွေဝမ်းတွေ
သွားလေ့ရှိတာ။ ဒါက တစ်နေ့ထဲဖြစ်တာ မဟုတ်ဖူး။ နေ့တိုင်း နေ့တိုင်း ဖြစ်နေတဲ့ကိစ္စ။ ရယ်ရတယ်ဆိုတာက ‘ဖိုး၆၀’ နဲ့
‘ဖိုး၇၀’ တို့လို ဆီး၊၀မ်းသွားဖို့ အခက်အခဲမရှိတာကို ကနဦးပြောပြပြီးမှ(ဘာပြသနာမှမရှိဘူးလို့ ထင်ကြေး ပေးထားပြီးမှ) အိပ်ရာက နိုးတဲ့အထိမစောင့်ပဲ(မထိန်းနိုင်ပဲ) ဆီးတွေ၊၀မ်းတွေ ဗြုံးစားကြီး သွားတတ်တာ ကို အိပ်ရာကနိုးတတ်တဲ့အချိန်နဲ့ဖမ်းပြီး ပြောထားတာ။ ဒီလိုပဲ ခံစားနားလည်မိပါတယ်။
No comments:
Post a Comment