Thursday, August 9, 2012

နိုင်ငံခြားသတင်း ကောက်နုတ်ချက်များ (သြဂုတ်လ ၂၀၁၂)

 

Marlboro စီးကရက်ကြော်ငြာမင်းသား ၂ ဦး အဆုတ်ကင်ဆာဖြစ်သေ

Philip Morris မိသားစုမှ Marlboro စီးကရက်ကြော်ငြာမင်းသား ၂ ဦးအဖြစ် ငှားရမ်းခဲ့သည့် Wayne McClarenနှင့် David McClean တို့သည် စီးကရက်ကြော်ငြာရိုက်ခြင်းမှ အနားယူပြီး ၁၀ နှစ်အကြာတွင် နှစ်ဦးလုံး အဆုတ်ကင်ဆာဖြစ်ကာ အသက်ငယ်ငယ်ဖြင့် သေဆုံးခဲ့ကြရသည်။

 

Marlboro စီးကရက်ကြော်ငြာ။

 

သူတို့နှစ်ဦးမှာ စီးကရက်ကြော်ငြာရိုက်ရန် ရိုက်ကွင်းတွင် တစ်နေ့လျင် စီကရက်ဗူး ၅ ဗူးကုန်သည်အထိ သောက်ကြရသည်ဆို၏။ 

ယင်းကြော်ငြာများကြောင့် Marlboro စီးကရက်ရောင်းအားမှာ မမျှော်မှန်းလောက်အောင်ပင် အဆ ပေါင်းများစွာ မြင့်တက်လာခဲ့သည်။ သို့နှင့် McClaren သည် ကျော်ကြားခြင်း ကြွယ်ဝချမ်း သာခြင်းဖြစ်ခဲ့ လေသည်။ သူသည် တစ်နေ့လျင် စီးကရက် ၂ ဗူးမှ ၃ ဗူးအထိ သောက်လေ့ရှိရာ ၁၉၉၀ ခုတွင် အဆုတ်ကင် ဆာဖြစ်ကြောင်း သိရှိရချိန်မှစ၍ ဆေးလိပ်ဆန့်ကျင်ရေးကို သေဆုံးချိန်ထိ လုပ်ဆောင်သွားခဲ့၏။

ကဆုန်ပေါက်ပြေးလွှားနေသည့်မြင်းပေါ်မှ ကျားကျားယားယားကောင်းဘွိုင်မင်းသားအဖြစ် သရုပ်ဆောင်ပြီး Marlboro စီးကရက်ကြော်ငြာခဲ့သူတစ်ဦးဖြစ်သည့် McClean ၏မိသားစုက Marlboro စီးကရက် ကုမ္ပဏီပိုင်ရှင် Philip Morris မိသားစုအား McClean သေဆုံရခြင်းအ တွက်တာဝန်ရှိသည်ဆိုပြီး တရား စွဲဆိုခဲ့သည်။

စာကိုး။  ။ Smoking easily kills even Marlboro cowboys (Andrei Mikhailov - Pravda.Ru 24.07.2012)



၁၉ ရက် သြဂုတ်လ (တနင်္ဂနွေ)  ၂၀၁၂

ကိုကာကိုလာ ကုမ္ပဏီကို ဘိုလစ်ဗီးယားနိုင်ငံမှ မောင်းထုတ်

ဒီကနေ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးတွေအထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ သည် လာမည့်ဒီဇင်ဘာလမှာ ဘိုလစ်ဗီးယားနိုင်ငံကနေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထွက်သွားရတော့မှာ ဖြစ် ပါတယ်။ 

 

ဘိုလစ်ဗီးယားနိုင်ငံ၊ တောင်အမေရိက (ဓါတ်ပုံ - BBC)။

 

ဓါတ်ပုံ - ပရားဗဒါးရူ သတင်းစာ (၁ သြဂုတ်၊ ၂၀၁၂)

 

ယခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့သည် မာရန်းပြက္ခဒိန် (Mayan Calendar) အရ အရင်းရှင်စနစ်ချုပ်ငြိမ်း ခြင်းနဲ့ ယဉ်ကျေးမှုဘ၀ စတင်ခြင်းတို့ တိုက်ဆိုင်နေပါတယ်လို့ ဘိုလစ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး David Choquehuanca က ပြောကြားခဲ့ပြီး မာရန်းပြက္ခဒိန် နှစ်သစ်ကို ကူး ပြောင်းတဲ့ အဲဒီနေ့မှာ ကိုကာကိုလာ ကုမ္ပဏီကို ဘိုလစ်ဗီးယားနိုင်ငံက နှင်ထုတ်မယ့်အကြောင်း ကျေညာခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့သည် တစ်ကိုယ်ကောင်းဝါဒ ချုပ်ငြိမ်းတာဖြစ်တာကြောင့် (the end of self- ishness) ကိုကာကိုလာသောက်သုံးမှု ရပ်ဆိုင်းပြီး မိုကိုချင်ချီ(mocochinche) ခေါ် ဘိုလစ်ဗီးယားအ ချိုရည် (a local peach-flavored soft drink) ကို သောက်ကြရမှာဖြစ်ကြောင်း ဘိုလစ်ဗီးယားနိုင် ငံခြားရေးဝန်ကြီးက နိုင်ငံရေးစည်းရုံးမှုတစ်ရပ်မှာ ဆက်လက်ပြောကြားသွားခဲ့ပါတယ်။    



 

No comments:

Post a Comment