Saturday, August 25, 2012

မျှော်နေရတဲ့ The Voice Weekly ပြန်ထွက်လာပြီ


The Living Color မဂ္ဂဇင်းရဲ့  sister publication ဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာ ရပ်နားခံခဲ့ရသော “သဗွိုက်စ် ၀ိကလီး” ဂျာနယ်ကို မနေ့က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေပို့ပေးလို့ ပြန်ဖတ်ရပါတယ်။

ပို့ပေးတယ်ဆိုတာ အီးမေးနဲ့ပါ။ ယခင်ကလည်း အီးမေးနဲ့ပဲ ပို့ပေးနေကျ။

 

သဗွိုက်စ် ၀ိကလီး ဂျာနယ်၏ မျက်နှာဖုံး (သြဂုတ် ၂၇ - စက်တင်ဘာ ၂၊ ၂၀၁၂)

 

ကျပ်သိန်းသောင်းချီပြီး ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ပတ်သက်လို့  သတ္တုတွင်းဝန်ကြီးဌာနအား အစစ်ဆေး ခံရတဲ့အကြောင်း သတင်းရေးရကောင်းလားဆိုပြီး သတ္တုတွင်းဝန်ကြီးဌာနက “သဗွိုက်စ် ၀ိကလီး” ဂျာနယ်ကို တရားစွဲဆိုလား စွဲထားခဲ့တာရယ်၊ နောက်ပြီး စပြီးသိစတုန်းကတော့ ဂျာနယ်ကိုလည်း အကန့်အသတ်မရှိ အပိတ်ခံထားခဲ့ရတာတွေရယ်ကြောင့် စာရေးသူက များစွာ စိတ်ပူပန်နေခဲ့မိတယ်။

တလောကလေးပဲ ကိုကျော်မင်းဆွေရဲ့ အမေနဲ့ စာရေးသူရဲ့ ဇနီးတို့ စင်ကာပူမှာရှိနေတဲ့ ကိုကျော်မင်းဆွေရဲ့  ညီမ မသင်းယုဆွေတို့အိမ်မှာ တွေ့ကြတုန်းက “မောင်ကျော်မင်းဆွေလည်း တရားရုံးကို သွားနေရတယ်” လို့ သိခဲ့ရသေးတယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုကျော်မင်းဆွေအတွက်ကော “သဗွိုက်စ် ၀ိကလီး” ဂျာနယ်အတွက်ပါ စိတ်ပူနေခဲ့ကြ ရတာ ဖြစ်တယ်။ “သဗွိုက်စ် ၀ိကလီး” လို မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်များကို တိကျ အမှန်ကန်ဆုံး နဲ့ အမြန်ဆန်ဆုံး ဖော်ပြပေးနေတဲ့ဂျာနယ်တစ်စောင်ကို မတရားသက်သက် ပိတ်ပစ်မှာ တနည်း တမင် သတ် ပစ်မှာမျိုးကို မလိုလားအပ်ပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ …

ဒီကနေ့ မြန်မာနိုင်ငံမှာ ဂျာနယ်အမျိုးအစားပေါင်း မြောက်များစွာ ပလူပျံအောင် ထွက်ရှိလို့နေပါတယ်။ သူ့ နည်းသူ့ဟန်နဲ့  ဦးတည်ချက်အမျိုးမျိုးကို ကိုင်စွဲကြလျက် ပုံစံအမျိုးမျိုး စာပေအဆင့်အတန်းအမျိုးမျိုးနဲ့ ထုတ်ဝေနေကြတာပါ။ အဲဒီဂျာနယ်တွေအထဲမှာ “သဗွိုက်စ် ၀ိကလီး”ဂျာနယ်သည် ထူးထူးခြားခြားရှိတယ် လို့ ပြောရမှာပါ။ 

သတင်းကို ရှာဖွေနှိုက်ယူတတ်တာ၊ သတင်းတွေကို စာဖတ်သူများ စိတ်ဝင်စားဖွယ်ရှိအောင် တိကျခိုင်မာ စွာဖြင့် မြန်မြန်ဆန်ဆန်ကြီး ရယူတင်ပြနိုင်တာ၊ စာဖတ်သူများရဲ့ တွေးခေါ်မှုတွေကို လှုပ်ခါသွားစေပြီး မြင် တတ် တွေးတတ်စေမည့် နိုင်ငံရေးနဲ့အတွေးအခေါ်ဆောင်းပါးကောင်းများကို အားထုတ်ကြိုးပမ်း တင်ပြပေး တာ၊ လူငယ်မျိုးဆက်သစ်များကို အသိပညာ အတတ်ပညာများ ရှာဖွေဆည်းပူကြစေရန် သတင်းလည်းပေး ပညာလည်းပေးဝေနေတာ၊ ပြည်သူလူထု သိသင့်သိထိုက်တာတွေကို ပြည်သူ့တစ်မျက်နာနဲ့ စာပေကျင့်ဝတ် သိက္ခာကလွဲပြီး ဘာကိုမျှ မငဲ့ကွက် မကြောက်ရွံ့ ပဲ ရဲရဲရင့်ရင့် ဟုတ်တိုင်းမှန်ရာဖော် ပြပေးလျက်ရှိနေတာ စ တာတွေအားလုံး တကယ့်လေးစားစရာကြီးပါ။   

 

 

No comments:

Post a Comment