Saturday, September 22, 2012

မြန်မာပြည်မှ သတင်းများ

၂၂ စက်တင်ဘာလ ၂၀၁၂။ တော်သလင်းလဆန်း ၇ ရက် စနေနေ့ ၁၃၇၄ ခုနှစ်


မော်လမြိုင် ရေပေါ်ညဈေးနှင့်အပန်းဖြေနေရာဆောက်   

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ထားဝယ်တံတားနှင့် မြို့ မတံတားအနီးတွင် အလျား ပေ ၆၀၀ နှင့် အနံ ပေ ၅၀ ရှိ ရေပေါ်ဈေးနှင့်အပန်းဖြေနေရာဆောက်ရန် အုတ်မြစ်ပိုင်တိုင် စိုက်ထူခြင်းကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။    

ပေးကား ပေး၏ ... ကိုမင်းကိုနိင် မရ    

ယခုနှစ် မေလကတည်းက ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးတို့က နိုင်ငံကူးလက် မှတ် လျှောက်ထားခဲ့သော်လည်း ၅ လကျော်ကြာမြင့်၍ ပြီးခဲ့သော စက်တင်ဘာ ၁၉ ရက်နေ့မှသာ နိုင်ငံကူး လက်မှတ်ရရှိခဲ့သဖြင့် အမေရိကန်ပြည်ထောင်စု National Endowment for Democracy (NED) က ချီမြှင့် သည့် ဒီမိုကရေစီလှုပ်ရှားသူများဆု (2012 Democracy Award) ကို သွားရောက်လက်ခံရယူနိုင်ခြင်းမရှိဟု သိရှိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်မီက ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၂ ဦးသာ နိုင်ငံကူး လက်မှတ်ရရှိခဲ့သဖြင့် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်းနှင့် “ကျွန်တော်တို့ ခရီးသွားဖို့ရှိတာ သိသိ ကြီး၊ ၂၀ ရက်နေ့ သွားရမှာကို ၁၉ ရက်နေ့မှ ထုတ်ပေးတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောခဲ့၏။ 

ပရဟိတလူငယ်အဖွဲ့များ စီတန်းလမ်းလျှောက် ဆန္ဒဖော်ဆောင် 

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံရှိ အဓိကကိုးကွယ်ကြသော ဘာသာရေးပေါင်းစုံမှ ပရဟိတလူငယ်အဖွဲ့များ စုပေါင်းလျက် မြန်မာပြည်တွင်းစစ် များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်တန့်စေရေးအတွက် ငြိမ်းချမ်းရေးသီချင်းများကို သံပြိုင်သီဆိုရင်း စုပေါင်းစီတန်းလမ်းလျှောက် ဆန္ဒဖော်ဆောင်ခဲ့ကြသည်။ 


မြန်မာသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရှားရှားပါးပါးဖော်ပြ   

 

အမေရိကန်ကွန်ဂရက်မှချီးမြှင့်သော ရွှေတံဆိပ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူနေစဉ်။
(ကြေးမုံသတင်းစာ၊ စက်တင်ဘာ ၂၁ ရက်)

Source: The New Light of Myanmar, 21 September 2012.



မြန်မာသတင်းစာများက အထက်ပါအတိုင်း အမေရိကန်ကွန်ဂရက်မှ အရပ်သူအရပ်သားများအား အမြင့်ဆုံး ချီးမြှင့်လေ့ရှိသော ဂုဏ်ပြုရွှေတံဆိပ်ဆုကို ၀ါရှင်တန်မြို့ လွှတ်တော်အဆောက်အအုံ၌ ဒေါ်အောင်ဆန်းစု ကြည်က လက်ခံရယူခဲ့ကြောင်းကို ဖော်ပြပေးခဲ့သည့်အပြင် နိုင်ငံပိုင်ရုပ်သံမီဒီယာဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှလည်း စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီသတင်းအစီအစဉ်၌ ထည့်သွင်းထုတ်လွှင့် သွားခဲ့ကြောင်း သိရှိရသည်။



အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာအသင်း ဗိုလ်လုပွဲတက်ပြီ

ဗီယက်နမ်နိုင်ငံတွင်ကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီး ဖိုင်နယ်ကို စက်တင်ဘာလ ၂၀ ရက်နေ့ ညနေက ကစားကြရာ မြန်မာအသင်းသည် လက်ရှိချန်ပီယံထိုင်းအ သင်းကို တစ်ဂိုး ဂိုးမရှိ အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။



မြန်မာဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ဗိုလ်လုရမည်ဖြစ်သည်။


၂၇ စက်တင်ဘာလ ၂၀၁၂။ တော်သလင်းလဆန်း ၁၂ ရက် ကြာသပတေး ၁၃၇၄ ခုနှစ်

● အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆက်တွဲသတင်း

ချန်ပီယံရှစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ပြီးခဲ့သည့်စက်တင်ဘာလ ၂၂ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီ မင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းကို အချိန်ပိုအထိ ဂိုးမရှိ သရေကစားကာ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ၃ ဂိုး ၄ဂိုး ရှုံးနိမ့်သွားသောကြောင့် ဒုတိယဆုဖြင့် သာ ကျေနပ်ခဲ့ရလေသည်။

အိမ်ရှင်ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသော်လည်း  မြန်မာအမျိုးသမီးအသင်းကို ဆုကြေးငွေအဖြစ် ကျပ်သိန်း (၁၅၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ပြောကြားခဲ့သည်။ တဖန် မြန် မာ အမျိုးသမီးအားကစားသမားများကို လစာငွေကျပ် (၃) သိန်းစီပေးခဲ့ရာမှ ယခုအခါ တစ်ဦးလျှင် လစာငွေ ကျပ် (၅)သိန်းစီအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။




မြန်မာအသင်းက ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် ဗိုလ်စွဲထားခဲ့လေရာ ယခုပြိုင်ပွဲ၌ ဗီယက်နမ်အသင်း ဗိုလ်စွဲသွားသောကြောင့် ၂၀၀၆ ခုနှစ်က တစ်ကြိမ်ဗိုလ်စွဲထားခဲ့သော ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်း သည် မြန်မာအမျိုးသမီးအသင်းနှင့် အောင်မြင်မှုစံချိန် တူညီသွားခဲ့ကြောင်းသိရသည်။


● သမ္မတကြီး ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်တွင် တွေ့ဆုံနှုတ်ဆက်ကြ

 


 

   

No comments:

Post a Comment