စာရေးဆရာ မောင်ဝံသ စင်ကာပူ၌ ဆေးကုသမှုခံယူ
ပြီးခဲ့တဲ့စနေနေ့(၆ ရက် အောက်တိုဘာ) နေ့ခင်းမှာ
စာရေးဆရာမောင်ဝံသမိသားစု တည်းခိုနေတဲ့ Bedok ကအိမ်ကို လူမမာသွားမေးခဲ့ပါတယ်။
စာရေးသူတို့ဇနီးမောင်နှံနဲ့ The Voice Weekly ဂျာနယ် အယ်ဒီတာ ချုပ် ကိုကျော်မင်းဆွေရဲ
့မိခင် ဒေါ်ဌေးဌေးတို့ အတူတူသွားခဲ့ကြ တာဖြစ်တယ်။
စာရေးသူသည် ဆရာမောင်ဝံသကို သူ့စာများ
သူ့လုပ်ဆောင်ချက်များမှတစ်ဆင့် သိခဲ့ရပြီး လူချင်းကတော့ ယခုမှ ပထမဆုံးအကြိမ်
တွေ့ကြတာဖြစ်ပါတယ်။ သူကလည်း စာရေးသူကို မိမိရဲ့ စာများမှတစ်ဆင့် သိခဲ့ရ တာပါ။ ဆရာမောင်ဝံသနဲ့
ကိုကျော်မင်းဆွေရဲ့ ဖခင် ဦးမြင့်ဆွေတို့က ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက
ရင်းနှီးခဲ့ကြတာဖြစ်တယ်။ ဦးမြင့်ဆွေကရန်ကုန်ကနေစာရေးသူထံဖုန်းဆက်ပြီး ဆရာမောင်ဝံသ
စင်ကာပူရှိ Mount Elizabeth Hospital မှာ ဆေးကုသမှု ခံယူနေတဲ့အကြောင်း၊ တည်းခိုနေတဲ့အိမ်မှာ သွားတွေ့ပြီး အားပေးပေးရန်၊ သူကလည်း
မိမိကို သိရှိပါ ကြောင်းနဲ့ ဆက်သွယ်ရန် တယ်လီဖုန်းနံပတ်များ ပါ ပေးပါတယ်။
စာရေးသူတို့ ၃ ဦး ဆရာမောင်ဝံသ တည်းခိုနေတဲ့ Bedok က
အိမ်ကိုရောက်တော့ ဒီမှာလာပြီး အလုပ် လုပ်နေတဲ့ ဒေါက်တာဦးအောင်မျိုး
အရင်ရောက်နှင့်နေတာ တွေ့ရပါတယ်။ သူက မြန်မာပြည်မှာတုန်းက
ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးအဖြစ် အလုပ်လုပ်ခဲ့ပြီး ဒီကိုလာခဲ့တာဖြစ်တယ်။ သူကို ဆရာမောင်ဝံ သက
စာရေးသူနဲ့မိတ်ဆက်ပေးတော့ စာရေးသူရေးခဲ့တဲ့ ဆေးပညာပေးဆောင်းပါးများကို
မှတ်မှတ်ရရ ဖတ်ခဲ့ဖူးကြောင်း သူက ပြောပါတယ်။
ဆရာမောင်ဝံသကို သူ့မိသားစုနဲ့အတူ ထူထူထောင်ထောင်သွက်သွက်လက်လက်နဲ့ ရယ်ရယ်မောမော စ ကားပြောဆိုနေတာ တွေ့ရတော့ သူ နေမကောင်းဖြစ်နေတယ်ဆိုတာကို အစကသာကြိုပြီးသိမထားခဲ့ရင် သူလိုငါလို နေကောင်းနေတယ်လို့ပဲ ထင်မိမှာပါ။ ဆရာမောင်ဝံသကိုယ်တိုင်က သူ၏ကျန်းမာရေးအခြေ အနေနဲ့ လောလောဆယ် ဆေးကုသမှုခံယူနေရတဲ့အကြောင်းတွေကို စာရေးသူတို့အား ပြောပြပါတယ်။
ဒီနောက်မှာတော့ မြန်မာပြည်က စာပေလောကအကြောင်း အထူးသဖြင့်တော့ မကြာခင်ကမှ အောင်မြင် စွာဖွဲ့စည်းပြီးသွားခဲ့တဲ့ ပူပူနွေးနွေး မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)အကြောင်း ပြောဖြစ်ကြပါတယ်။
သူ့ရောဂါအခြေအနေကို
အမှန်အတိုင်းသိရှိထားပြီး ရှိနေတဲ့အတိုင်းလည်း ဆရာမောင်ဝံသက သတ္တိရှိရှိနဲ့
ရင်ဆိုင်လက်ခံထားပါတယ်။ အနာသိရင် ဆေးရှိတယ်ဆိုသလို လိုအပ်တဲ့ဆေးဝါးကုသမှုများ
ရယူပြီး လုပ် လက်စနဲ့ လုပ်စရာရှိသည်များကို ရနိုင်သမျှအချိန်အတွင်း
တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ပေးသွားချင်တဲ့ ဆန္ဒ ဆရာ့မှာ ပြင်းပြစွာရှိနေကြောင်း
သိရှိနားလည်ခဲ့ရပါတယ်။
ဆရာရဲ
့သတ္တိနဲ့ စိတ်ဓာတ်တွေက သံမဏိပါ။
ဆရာမောင်ဝံသ မြန်မြန်ကျန်းမာရေးကောင်းမွန်လာပြီး တိုင်းပြည်နဲ့လူမျိုးအတွက် စာပေတာဝန်နှင့် နိုင် ငံရေးတာဝန်များ ဆက်လက်ထမ်းရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုလိုက်ရပါတယ်။
No comments:
Post a Comment