Saturday, October 6, 2012

နိုင်ငံခြားသတင်း ကောက်နုတ်ချက်များ (၆ ရက် အောက်တိုဘာလ၊ ၂၀၁၂)



၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် စနေနေ့။ 

နီပေါမှာ အိန္ဒိယရုပ်ရှင်ကားများ(Bollywood movies) မပြရ

(ASSOCIATED PRESS)-နီပေါနိုင်ငံရှိရုပ်ရှင်ရုံများသည် အိန္ဒိယရုပ်ရှင်များ(Bollywood movies) ပြသခြင်းအား ရပ်ဆိုင်းထားလိုက်ကြသည်။ ယင်းရုပ်ရှင်ကားများသည် သိမ်မွေ့မှုမရှိပဲ ရုန့်ရင်း ကြမ်းတမ်းကြသည်၊ နီပေါ လူ့အဖွဲ့အစည်းနှင့် သင့်တော်လျော်ကန်ခြင်း မရှိကြသဖြင့် ပြည်တွင်းထုတ်လုပ်သည့် ရုပ်ရှင်ကားများကိုသာ ဦးစားပေးပြသသင့်ကြောင်း ကွန်မြူနစ်ပါတီ (Communist Party of Nepal-Maoist)မှ ထောက်ပြပြောဆိုဝေ ဖန်ခဲ့သဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို စိုရိမ်ရသောကြောင့်ဟု ဆိုပါသည်။ 

 

 

No comments:

Post a Comment