Sunday, November 11, 2012

မြန်မာပြည်မှ အရေးပေါ်သတင်းများ (၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ တနင်္ဂနွေ)



ကန့်ဘလူမြို့ နယ်တွင် ဆီတွဲရထားဘီးချော်မှောက်ပြီး မီးလောင်ခဲ့   

 

ကြေးမုံသတင်းစာ (၁၀ ရက် နိုဝင်ဘာ ၂၀၁၂)။

 

နိုဝင်ဘာ ၉ ရက်နေ့က မြို့ ဟောင်းမှထွက်လာသည့် လောင်စာဆီတင်ရထားသည် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ချပ်ကြီးဘူတာအ၀င်၌ ရထားဘီးချော်ကျပြီး တိမ်းမှောက်သွားရာ ချပ်ကြီးရွာအနီးတစ်ဝိုက်မှ လူတစ်ရာ ခန့် ယိုဖိတ်သောဓာတ်ဆီများကို လာရောက်ခပ်ယူကြသည်။

ယင်းသို့ သံပုံးများ ပလတ်စတစ်ပုံးများဖြင့် ယိုဖိတ်ဓာတ်ဆီများကို ခပ်ယူနေကြစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်သာကြာင့် ၂၅ ဦးသေဆုံးပြီး ၆၂ ဦး ဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူအများစုမှာ ကန့်ဘ လူဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသနေကြောင်းနှင့် မန္တလေး ရွှေဘို မုံရွာ စစ်ကိုင်းမြို့  တို့မှ ဆရာဝန်များ လာရောက်ကူညီကုပေးလျက်ရှိကြောင်း မြန်မာသတင်းစာများနှင့် ဂျာနယ်များမှ ကြားသိ ရသည်။   

 

ရွှေဘိုမြို့  အရှေ့ မြောက်ဖက်တွင် ရစ်ခ်ျတာစကေး ၆.၈ ရှိ ငလျင်လှုပ်သွားခဲ့   

 

သပိတ်ကျင်းမြို့ မှ အပျက်အစီးမြင်ကွင်းများ။ (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

 

 

ယနေ့နံနက် ၇ နာရီ ၄၂ မိနစ်ခန့်က မြန်မာနိုင်ငံအလယ်ပိုင်း(ရွှေဘိုမြို့ ၏ အရှေ့ မြောက်အရပ်)ကို ဗဟိုပြုပြီး ရစ်ခ်ျစတာစကေး ၆.၈ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသောကြောင့် ရွှေဘို မန္တလေး ပြင်ဦးလွင် မုံရွာ စစ်ကိုင်းနှင့် မိတ္ထီလာမြို့ များတွင် စေတီစိန်ဖူးတော် မြေခခြင်း၊ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ မဟာမြတ်မုနိဘု ရားမှ နာရီစင်ထီးတော် တိမ်းစာင်းခြင်း၊ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား ကျိုးကျခြင်းနှင့် လူ ၁၃ ဦး သေဆုံးမှုရှိခဲ့ကြောင်း ကြားသိရသည်။    

 

မြန်မာ့အလင်းသတင်းစာ (၁၂ ရက် နိုဝင်ဘာ ၂၀၁၂)

 

 

 

 

 

No comments:

Post a Comment