Saturday, July 13, 2013

မြန်မာပြည်မှ သတင်းများ (ဇူလိုင်)


၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆန်း ၆ ရက်



◊ ဆရာတော် ဦးဝိရသူအကြောင်း TIME Magazine ပါ မျက်နှာဖုံးဆောင်းပါးနှင့်ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန၏ သဘေထားကြေညာချက်


မြန်မာသတင်းစာများ။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ (www.nationmultimedia.com) မှ ကူးယူဖော်ပြပါသည်။




◊ စင်ကာပူနိုင်ငံတွင် အခွန်နှစ်ထပ်စည်းကြပ်မှုမရှိရေး သဘောတူစာချုပ် အရေးယူဆောင်ရွက်

၁၃ ဇူလိုင် ၂၀၁၃ နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ (၃)။ 








◊  မီးသတင်း

▪ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့  အောင်သုခရပ်နေ ဦးစိုးတင့်-ဒေါ်သက်ဝေတို့နေအိမ်မှ မီးစတင်လောင်ရာ အောင်သုခရပ်ကွက်မှ အိမ် ၈ လုံး၊ သစ်ချိုကုန်းရပ်မှ အိမ် ၃ လုံးနှင့် ၁၀ ခန်းတွဲစပါးကျီ ၁ လုံးတို့ မီးလောင်ကျွမ်းသွားခဲ့သည်။

ဇူလိုင် ၁၂ ရက်နေ့ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ နယ် သီးကုန်းရွာတော တိုက် တွင် မီးလောင်ရာ လူနေအိမ် ၄ လုံး မီးလောင်ကျွမ်းသွားခဲ့သည်။



◊  တရုတ်ကုမ္ပဏီများလိုက်နာကြရန် စည်းမျဉ်းထုတ်ပြန်

မြန်မာပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုများကို ဆက်တိုက်ရင်ဆိုင်နေရသော မြန်မာပြည်တွင်းရှိ တရုတ် ကုမ္ပဏီများအနေဖြင့် သူတို့ကိုယ်တိုင်အဆိုပြု စည်းမျဉ်းများအား လိုက်နာကြရန် မြန်မာမီဒီယာများနှင့်တ ရုတ်ကုမ္ပဏီများ တွေ့ဆုံပွဲတွင်  တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်ကုမ္ပဏီများသည်

၁။ နှစ်နိုင်ငံအစိုးရများမှ ချမှတ်ထားသော စည်းမျဉ်းများအား လိုက်နာကြမည်။
၂။ စာချုပ်သဘောတူချက်၊ ခံဝန်ချုပ်ပါသတ်မှတ်ချက်များအား တင်းတင်းကျပ်ကျပ်လိုက်နာမည်။
၃။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများကို စနစ်တကျစီမံခန့်ခွဲမည်။
၎။ အလုပ်အမားနှင့်ဝန်ထမ်းများ၏ ဘေးကင်းရေးနှင့်ကျန်းမာရေးကို နိုင်ငံတကာစံနှုန်းနှင့်အညီ ကာကွယ် စောင့်ရှောက်မည်။
၅။ မီဒီယာများ၊ အရပ်ဖက်လု့အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မည်။
၆။ လုပ်ငန်း၏အားသာချက်အပေါ်မူတည်ပြီး နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး၊ နည်းပညာဖလှယ်ရေးများကို အားပေးဆောင်ရွက်မည်။  

မှတ်ချက်။  ။ The Voice Weekly, July 8 – 14, 2013 စာမျက်နှာ ၃ ပါ သတင်းမှ ကောက် နုတ်ရေးသားထားပါသည်။  

















No comments:

Post a Comment