Friday, April 17, 2015

ဆရာကြီးဦးရွှေအောင်၏စာအုပ် ရပါပြီ



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်





ဆရာကြီးဦးရွှေအောင်၏စာအုပ် ရပါပြီ






နီပေါနိုင်ငံ လုမ္ဗနီမှာ ကျောင်းထိုင်နေသော ဆရာလေး Bhaddamanika က စင်ကာပူမှာရှိတဲ့ သမီးထံ အီးမေးပေးပို့ပြီး ဆရာကြီးဦးရွှေအောင်(မဟာဝိဇ္ဇာ-သက္ကတ) ရေးသားပြုစုခဲ့သည့် “ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့”မြန်မာစာအုပ်ကို ဦးလှမောင်က အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားခဲ့တဲ့ “The Buddha - Peerless Benefactor of Humanity” စာအုပ်အကြောင်း စုံစမ်းလာတဲ့အကြောင်းနဲ့ ရန်ကုန်က မိတ်ဆွေဦးလွင်သိန်း (နေလစာပေဖြန့်ချိရေး)အား မိမိက လှမ်းပြီးအကူအညီတောင်း ထားရကြောင်းကို ပြီးခဲ့တဲ့လက ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့ပါတယ်။ 


မိတ်ဆွေဦးလွင်သိန်းက လူကြုံနဲ့ပေးလိုက်တဲ့ အဲဒီစာအုပ်ကို စင်ကာပူမှာရှိတဲ့ သူ့သားဖြစ်သူ ကိုပိုင်စိုးမှတစ်ဆင့် စာတိုက်ကနေပို့ပေးလို့ ကျေးဇူးတင်စွာဖြင့် ဒီကနေ့ရရှိခဲ့ပါတယ်။















No comments:

Post a Comment