Saturday, June 13, 2015

မျက်လုံးချင်းဆုံ ရင်တွေခုန်ခဲ့ရစဉ်က ..


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့



FB


မျက်လုံးချင်းဆုံ ရင်တွေခုန်ခဲ့ရစဉ်က ..
.
.
နံနက်စောစောဖြစ်သဖြင့် ကုန်တိုက်ကြီးအတွင်း လူများများစားစား မရှိလှသေး။
.
မိမိက ဆိုင်အတွင်းသို့ ဖြတ်ကနဲတစ်ချက်လှမ်းအကြည့်မှာ တောက်ပ၀ိုင်းစက်သော သူ့မျက်လုံး လေးများနှင့် အမှတ်မထင်စွာ ထိခိုက်ဆုံဆည်းသွားကြ၏။
.
သူက မိမိအား နှစ်လိုဖွယ်အပြုံးတစ်ခုပေးလျက် မျှော်လင့်ခြင်းတစ်ရပ် ထားရှိနေပုံရသည်။
.
ဘာရယ်မဟုတ်၊ မိမိက စူးစူးစိုက်စိုက်လေး နောက်တစ်ကြိမ် သူ့ကို ထပ်ပြီးကြည့်မိလိုက်ပြန်ပါ သည်။
.
သည်အခါမှာ သူ့အပြုံးတွင် မျှော်လင့်ခြင်းဒီဂရီမြင့်လာပြီး ဆွဲဆောင်အားရှိလှသဖြင့် ရင်မှာ သိသိ သာသာကြီးခံစားရကာ မလုံမလဲလေးဖြစ်မိလျက် မစ္စတာဘီးန်(Mr Bean) ၏အိုက်တင်ဖြင့် ရှက်ကိုး ရှက်ကန်း မျက်နှာလွှဲလိုက်သောအခါမှာ စောစောကမမြင်ခဲ့မိသော ဆိုင်ထဲကဆိုင်းဘုတ်ကြီးကို ’ဘွား’ကနဲ တွေ့ရပြီးသကာလ တစ်ရှက်က နှစ်ရှက်ဖြစ်ရလေတော့၏။
Customised hair treatments for various hair loss problems.
.
.
သတိ၊ နောက်ပြောင်ခြင်း ထိပ်ပြောင်ခြင်း သည်းခံကြပါ ဗျာတို့။









No comments:

Post a Comment