Saturday, June 13, 2015

ဆရာမကြီးဒေါ်လှရီအား နှုတ်ဆက်ကန်တော့ခြင်း


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့



FB

With Sayamagyi Daw Hla Yee.







မနေ့ညနေ ၅ နာရီခွဲလောက်မှာ ဆရာမကြီးဒေါ်လှရီအိမ်ကို လေဆိပ်ကနေသွားလိုက်ပါ တယ်။ ဆရာမကြီး၏ခင်ပွန်း ဦးဝင်းကြည်(ဦးဆောင်ညွှန်ကြားရေးမှူးး - ငြိမ်း)ကိုလည်း တွေ့ခဲ့ပြီး ဆရာမကြီးနှင့်အတူ ကန်တော့ခဲ့ပါတယ်။ 

ဖြိုးသန့်မော်ကိုလည်း ဖုန်းဆက်ခေါ်ထားတာဖြစ်လို့ ရောက်လာပြီး ဆရာမကြီးကို ကန်တော့ခဲ့ပါတယ်။

ဆရာမကြီး၏ကျန်းမာရေးကြောင့် ဆရာမကြီးနှင့် ခဏတစ်ဖြုတ်ပဲ စကားပြောရန် မူလက ရည်ရွယ်ထားပေမယ့် ဆရာမကြီးက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး စိတ်ပျော်ရွှင်နေတာ သိရတဲ့အတွက် အနည်းဆုံး ၁ နာရီလောက်ကြသွားခဲ့ပါတယ်။

အခုလိုရှေးဟောင်းနှောင်းဖြစ်တွေကို အမှတ်တရ ရယ်ရယ်မောမောပြောရတာ ရောဂါတစ် ၀က်သက်သာသွားတယ်လို့  ဆရာမကြီးကပြောသဖြင့် မိမိတို့မှာလည်း စိတ်ချမ်းသာကြရပါ တယ်။ 

ဆရာမကြီး ကျန်းကျန်းမာမာဖြင့် အသက်ရာကျော်ရှည်ပါစေကြောင်း လေးစားစွာ ဆုမွန်ကောင်းတောင်းရပါတယ်။


Tin Tin WinMyo MyintNaing Lin Aung and 62 others like this.




No comments:

Post a Comment