Sunday, July 19, 2015
မြန်မာသတင်းစာပါ ကန့်ဘလူမြို့  နှင့်ရေကြီးသတင်းများ
အခုလောလောဆယ် မြန်မာပြည်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေတွေဆိုးဆိုးဝါးဝါးကြီးနေပြီး ရွာ တွေနစ်မြုပ် လမ်းတံတားတွေပျက်ဆီးကာ ဆည်တွေကျိုးပေါက်လို့ လူတွေရဲ့ အသက်အိုးအိမ်များအတွက် ဘေးအန္တရာယ်စိုးရိမ်နေရတဲ့ဒေသကတော့ မကြာလေးခင်ကမှ မြို့ နယ်အဆင့်ကနေ ခရိုင်မြို့ ဖြစ်လာသော ကန့်ဘလူမြို့ နဲ့ အနီးတစ်ဝိုက်ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေထုတ်မြန်မာသတင်းစာများမှာ အဲဒီသတင်းကို ဦးစားပေးပြီး အကျယ်တစ်ဝင့်ဖော်ပြပေးတာ ဖတ်ရှုခဲ့ရပါတယ်။
ကန့်ဘလူမြို့ ပေါ်မှာထက် ကျွန်းလှမြို့ ၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ ကောလင်း၊ မိုးကောင်းနဲ့အင်းတော်တို့တွင် အခြေအနေက ပိုဆိုးနေတယ်လို့ သိရပါတယ်။
အသေးစိတ်သတင်းများကို အောက်မှာဖတ်ရှုနိုင်ကြစေရန် တစ်ဆင့်ကူးယူဖော်ုပြပေးလိုက်ပါတယ်။
ဖေ့စ်ဘွတ်မှာ နောက်ဆုံးဖတ်ရတဲ့သတင်းတွေအရ နေပွင့်လာပြီး မိုးရပ်သွားလို့ ရေကျသွားတယ်လို့ သိရပါ တယ်။
No comments:
Post a Comment