Wednesday, August 12, 2015

စကားပြေအလေ့အလာ (၅)


၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်



ယခု စကားပြေအလေ့အလာ (၅) မှာ ဆရာမောင်ခင်မင် (ဓနုဖြူ)က စကားပြေသင်ကြားရေး စတင်ပြောင်း လဲလာခဲ့တဲ့  ၁၉၆၅ ခုနှစ်က 'စနစ်သစ်ပညာရေး'အကြောင်း စပ်ဆိုင်ပြောဆိုလာတော့ မိမိတို့ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံဖြတ်သန်းလာခဲ့ရသော 'အစမ်းသပ်ခံပညာရေး'ကို သွားပြီးအမှတ်ရမိပါသေးတယ်။

ဆရာမောင်ခင်မင်က သူ့ဆောင်းပါးမှာ ရှင်းပြထားတာဖြစ်လို့မို့ နောင်အလျဉ်းသင့်တဲ့အခါကျမှပဲ တစ်ခြား သော ကိုယ်တွေ့အစမ်းသပ်ခံပညာရေးအကြောင်းတွေကို ရေးပါ့မယ်။ 

ယခုဆောင်းပါးမှာ စာရေးသူတို့ငယ်စဉ် အထက်တန်းကျောင်းသားဘ၀က သင်ကြားခဲ့ရတဲ့ ဦးသြဘာသ၏ ဝေသန္တရာဝတ္တုမှ 'မိခင်သောက'ဆိုတဲ့ စကားပြေကောက်နှုက်ချက်လေးကို ဥပမာပေးပြီး ရှင်းပြထားတာဟာ အတော်ဖတ်လို့ကောင်းပါတယ်။ 

စကားပြေအရေးအသားကော အကြောင်းအရာပေါ်လွင်မှုတွေကိုပါ တစ်ချိန်တည်း လေ့လာကြည့်နိုင်တာ ဖြစ်တယ်။


ဖတ်ကြည့်ကြစေချင်ပါတယ်။



မြန်မာ့အလင်းသတင်းစာ။ (သြဂုတ်လ ၁၁ ရက်၊ ၂၀၁၅)













No comments:

Post a Comment