Sunday, October 4, 2015

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် နှစ်(၅၀)ပြည့်ရွှေရတု အမှတ်တရလေးများ



၁၃၇၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်


ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)မှ မြန်မာပြည်ကနေ လူကြုံနဲ့အဆင့်ဆင့်တကူးတကပေး လိုက်တဲ့ နှစ်(၅၀)ပြည့်ရွှေရတုအခမ်းအနားဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရပစ္စည်းများကို ရရခြင်းပဲ တစ် ခုစီထုတ်ကြည့်ပြီး မနေနိုင်မထိုင်နိုင်ဝတ်ကြည့်ကာ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို တင်လိုက်မိပါတယ်။

ဒါပေမယ့် အားနာစိတ်မကောင်းဖြစ်မိရတာတစ်ခုကတော့ သူတို့ရဲ့ မဂ္ဂဇင်းအတွက် ပါမောက္ခချုပ်ဒေါက်တာ ဦးနိုင်ဝင်းကိုယ်တိုင်က မိမိ မြန်မပြည်မှာပြန်ရောက်နေတုန်း ကျောင်းမှာခေါ်တွေ့ပြီး စာမူတောင်းခဲ့တာကို မိမိက အချိန်မီရေးမပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။


 




ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)မှ ပေးလိုက်သော နှစ်(၅၀)ပြည့်ရွှေရတု အခမ်းအနားဂုဏ်ပြုမှတ်တမ်း လွှာနှင့်အမှတ်တရပစ္စည်းများအား ဒေါ်ခင်ဝေသက်(PT) က မြန်မာပြည်မှယူလာပေးခဲ့ပြီး ဒေါ်ရွှေဇင်ဝင်းခင်(PT)မှတစ်ဆင့် မနေ့က လက်ခံရရှိသဖြင့် အားလုံးကို အထူးကျေးဇူးတင်ရှိရပါကြောင်း။
















  • Kyi Shwin အန်ကယ် ချော နေ ခန့်နေသေးတယ်နော် ဒါနဲ့ အန်တီကော နေကောင်းလား
    • Tin Maung Aye လောလောဆယ်'ချောနေ ခန့်နေသေးတယ်'ဆိုတော့ မကြာခင်မှာရွဲ သွားတော့မယ့်သဘောများလေလား ကိုကြည်ရွှင်။ အန်တီက ပြီးခဲ့တဲ့အပတ်က ဟေ့ဇ်ကြောင့်နေမကောင်းဖြစ်ပြီး ပါးစပ်ပျက်တာကလွဲလို့ နေကောင်းနေပါပြီ။ သမီးဓာတ်ပုံလှလှလေးတွေတွေ့လို့ ပြောနေကြသေးတယ်။ အမကိုခေါ်လာဖို့ပြောထားတာမေ့နေပြီလား။
    • Kyi Shwin အန်ကယ်ရေ ကျနော် မမေ့ ဘူး ကျနော်မအားလို့ အမကို လိုက်မပို့ ဖြစ်လိုက် တာ။ ကျနော် ခရီးထွက်းတာ များနေလို့ အမကို နေရာစုံတောင် လိုက်မပို့ ဖြစ်လိုက်ဘူး အန်ကယ်ရေ။ အမ က ပြန်သွားပြီ ဗျ နောက်တစ်ခေါက် ပေါ့ အန်ကယ်ရေ။
    • Tin Maung Aye ကန့်ဘလူရောက်မှ အမကိုတိုင်ပြောလိုက်တော့မယ်။

  • Wei Thet Mmcp ဆရာ ကျွန်တော်ယူလာတာမဟုတ်ဘူးဆရာ အန်တီမာလာလှမောင် နဲ့ အန်တီကြည်ကြည်အုံးပါ သမီးနဲ့ ရွှေစင်တွေ့ဖို့ရှိလို့ ပေးလိုက်တာပါ
    • Tin Maung Aye ရွှေဇင်ပြောပြတာကို ဆရာ နားလည်မှားတာဖြစ်မယ် ခင်ဝေသက်။ မြန်မာပြည်မှယူလာပေးသော ဒေါ်မာလာလှမောင်နှင့်ဒေါ်ကြည်ကြည် အုန်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    • Shwe Sin Win Khin ဟီးဟီး .. သမီး လည်း အမ က ပေး လိုက်တယ် လို့ ပြော လိုက်တာ ကိုး ..

      ဆောရီး ဆရာ ..
    • Tin Maung Aye ရွှေစင်၊ နောက်တစ်ခါဆိုရင် ဒဏ်ကြေးထိပြီသာမှတ်။









No comments:

Post a Comment