Tuesday, June 18, 2019

ကျွန်းသာယာ သတင်းစဉ်



ကျွန်းသာယာဘလော့စာဖတ်ပရိသတ်များအတွက် သတင်းစဉ်စာစောင်လေးတစ်စောင်ထုတ်ဝေရန် ပြင်ဆင်နေပါသည်။

သတင်းများကို မြန်မာပြည်ထုတ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များနှင့် ပြည်ပမှထုတ်ဝေသော စာ-နယ်-ဇင်းများမှ အဓိကရွေးခြယ်ရယူပါမည်။ 

သတင်းရေးသားမှုကိုမူ ကျွန်းသာယာသတင်းစဉ်အယ်ဒီတာမှ သင့်တော်သလို အနှစ်ချုပ်ပြန်လည်ရေးသားမည်ဖြစ်သည်။ တိုက်ရိုက်ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ပါ။

ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုသောအခါ မူလဖော်ပြခဲ့သည့်အရင်းအမြစ်ကိုဖော်ပြပေးပါမည်။ 
အကျိုးအမြတ်အတွက်ထုတ်ဝေသောသတင်းစဉ်မဟုတ်သဖြင့် ကြိုတင်ခွင့်ပြုချက်ကို ရယူမည်မဟုတ်ပါ။ 

ဖေ့စ်ဘွတ်ကဲ့သို့သော social networking website မှသတင်းများကို ကိုးကားခြင်း ဖော်ပြခြင်းပြုလုပ်မည်မဟုတ်ပါ။

မည်သို့ဆိုစေ အရင်းအဖြစ်ခိုင်မာစိတ်ချရသည်ဟုယူဆရသည့်သတင်းများ ဆောင်းပါးများ သတင်းထုန်ပြန်ချက်များကိုသာ ကျွန်းသာယာသတင်းစာစဉ်အယ်ဒီတာမှ ဂရုတစိုက်စိစစ်ရွေးခြယ်ဖော်ပြသွားမည်ဖြစ်သည်။ 

သတင်းများကိုဖော်ပြရာတွင် အယ်ဒီတာ၏အကြိုက်သက်သက်ကို ဘက်လိုက်ရွေးခြယ်ဖော်ပြခြင်းမျိုးမပြုလုပ်ပဲ စာဖတ်ပရိသတ်အကျိုးရှိမည့်သတင်းမျိုးနှင့်အကြောင်းအရာမျိုးများကိုသာ ပုဂ္ဂလဓိဋ္ဌာန်ကင်းရှင်းစွာဖြင့် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း။ ။














































မကြာမီ လာမည် မျှော် ....

  












No comments:

Post a Comment