ယခုတစ်လထဲမှာ ရောဂါ ၇ မျိုးအတွက် ကာကွယ်ဆေး ၄ လုံး ထိုးရသည်။
လွန်ခဲ့သော ၂ ပတ်ကျော်လောက်က ရောဂါ ၆ မျိုးအတွက် ကာကွယ်ဆေး ၃ လုံးကို တစ်နေ့တည်း တစ်ထိုင်တည်း ထိုးခဲ့သည်။
ဒီကနေ့မှာ အခြားကူးစက်ရောဂါတစ်မျိုးအတွက် နောက် ၁ လုံး ထပ်ထိုးရပြန်သည်။
မိမိအလုပ်လုပ်နေသောဆေးရုံက ၀န်ထမ်းတိုင်း မဖြစ်မနေထိုးကြရသောကြောင့်ဖြစ်သည်။
သူများတွေက သူအချိန်အခါနှင့်ထိုးထားကြပြီးဖြစ်သည်။
မိမိမှာ မြန်မာပြည်ကထွက်လာပြီးကတည်းက တစ်ကြိမ်တခါမျှမထိုးဖြစ်ခဲ့သဖြင့် ယခုမှအလုပ်အရ လိုအပ်တာကြောင့် မဖြစ်မနေထိုးရတော့၏။
No comments:
Post a Comment