Thursday, July 4, 2019

Lakeside ဘူတာအလွမ်း



မိမိနှင့်လိတ်ဆိုက်ဘူတာအကြောင်းက ပြောစရာတွေ အမှတ်ရစရာတွေ အများကြီးမှအများကြီးကို ရှိနေသည်။

စာတစ်စောင်ပေတဖွဲ့ပင် ရေးနိုင်လောက်သည်။

ပြောရမည်ဆိုက ...



လိတ်ဆိုက်ဘူတာ (Lakeside MRT) အောက်ထပ်


လိတ်ဆိုက်ဘူတာသည် စင်ကာပူနိုင်ငံသို့ မိမိစရောက်ချိန်က MRT ခေါ် မြေလျှိုးမိုးပျံရထားကို ပထမဦးဆုံးစီးဖူးခဲ့သောဘူတာဖြစ်သည်။

ထိုစဉ်က လိတ်ဆိုက်ဘူတာနားရှိ ကန်ချင်းလမ်း (Kang Ching Road) တွင်နေသောမိတ်ဆွေ၏အိမ်တွင် ခေတ္တခဏတည်းခိုခဲ့သည်။

စင်ကာပူကိုရောက်သည့်နေ့ ညနေပိုင်းက သူနှင့်မိမိတို့ ဂျူရောင်းဝက်(စ်)ဈေး (Jurong West Market) ကို အတူသွားခဲ့ကြသည်။ မိမိအတွက်လတ်တလောလိုအပ်သောပစ္စည်းအချို့ ဝယ်ရန်ဖြစ်သည်။ 

ပိုက်ဆံအိတ်လေးကိုလက်မှာဆုတ်ကိုင်ပြီး ဘောင်းဘီတိုလေးများဝတ်ကာ ညနေခင်းလမ်းလျောက်ထွက်လာကြသော စင်ကာပူနိုင်ငံသားယောင်္ကျားပျိုမိန်းမပျိုလေးများကို အထူးအဆန်းလိုမြင်တွေ့ခဲ့ရသည်။ 

ထိုအချိန်က စင်ကာပူတွင် လက်ကိုင်ဖုန်းမသုံးကြသေးသဖြင့် ဘူတာနှင့်လူနေတိုက်အောက်တို့တွင်ရှိသော ပြားစေ့ထည့်သုံးရသည့်တယ်လီဖုန်းများတွင် လူငယ်လူရွယ်လေးများကိုတွေ့ရလေ့ရှိရာ မိတ်ဆွေဖြစ်သူက 
"အဲဒါ သူတို့ရည်းစားစကားလာပြောကြတာလေ ဆရာရဲ့ ။ သူတို့အိမ်ကဖုန်းနဲ့ဆို မိဖတွေရှိနေတော့ ပြောလို့ဘယ်ဖြစ်ပါ့မလဲ" ဟုပြောပြခဲ့သည်။

မိမိကိုယ်တိုင်လည်း ယင်းတယ်လီဖုန်းများကို ပြားစေ့ဖြင့်ဖြစ်စေ ဖုန်းကတ်ဖြင့်ဖြစ်စေ အသုံးပြုလျက် မြန်မပြည်ကို ဖုန်းဆက်ခဲ့ရသည်။ မြန်မာပြည်က ဆွေမျိုးမိတ်ဆွေများအဆင်ပြေကြသည့် ညပိုင်းမှာသာ အဆက်များခဲ့ပါသည်။ 

မြန်မာပြည်နှင့်စင်ကာပူနိုင်ငံတို့၏စံတော်ချိန်များက ၁ နာရီခွဲကြာ ကွာခြားနေသဖြင့် မိမိတို့သည် များသောအားဖြင့် မိုးအတော်လေးချုပ်မှ မြန်မာပြည်ကို ဖုန်းဆက်ကြရလေ့ရှိပါသည်။




ဆက်ပြီးရေးပါဦးမည်။








  

No comments:

Post a Comment