Tuesday, July 9, 2019

Lakeside ဘူတာအလွမ်း (၄)



လိတ်ဆိုက်ဘူတာနှင့်ပတ်သက်ပြီး တစ်ခါက မှတ်မှတ်သားသားဟိုးလေးတကျော်မြန်မာအချစ်ဇာတ်လမ်း လေးတစ်ပုဒ်လည်း ရှိခဲ့ဖူးသည်။

ထိုစဉ်က စင်ကာပူနိုင်ငံရောက်မြန်မာများအကြား ပြောစမှတ်လေးဖြစ်ခဲ့သည်။

လူငယ်တို့သဘာဝ တစ်ဘက်သတ်ချစ်ရသူက ချစ်သည့်စိတ်ကို ထိန်းသိမ်းဆင်ခြင်နိုင်စွမ်းအားနည်းသဖြင့် မသင့်တော်သည့်ကာယကံမှုကို ကျူးလွန်မိသွားခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ ရာဇ၀တ်မှုမြောက်သည်။

လူမှုရေးအရလည်း ကဲ့ရဲ့ ရှုတ်ချဖွယ်ဖြစ်ခဲ့၏။ 

တစ်ဘက်သတ်အချစ်ခံရသောအမျိုးသမီးမှာလည်း နစ်နာမှုဖြစ်ရသည်။

ထိုအကြောင်းချင်းရာကို စင်ကာပူနိင်ငံထုတ် သစရိတ်တိုင်းမ်စ်သတင်းစာ (The Straits Times) တွင် အထူး တလည်ဖော်ပြပေးခဲ့ရာ လူသိအတော်လေး များသွားခဲ့လေသည်။

မိမိပင်လျှင် ထိုနေ့နံနက်က စင်ကာပူနိုင်ငံသားလုပ်ဖော်ကိုင်ဘက်တစ်ဦးက ပြောပြသဖြင့်သိခဲ့ရခြင်းဖြစ် သည်။ နောက်မှသတင်းစာတွင် ဖတ်ခဲ့ရသည်။






The Straits Times သတင်းစာမှ သတင်းဖြတ်ပိုင်းများ




















သတင်းစာပါအဖြစ်အပျက်များကိုဖတ်ပြီးသောအခါ မြန်မာပြည်ကစာဖတ်ပရိသတ်များအား အသိပေးလိုစိတ်ဖြစ်မိသည်။

စင်ကာပူရောက်မြန်မာလူငယ်များ သင်ခန်းစာယူစေချင်သည်။

သို့နှင့်ဝတ္တုတိုဆန်ဆန်ဆောင်းပါးတစ်ပုဒ်ရေးပြီး မဟေသီမဂ္ဂဇင်းသို့ ပို့လိုက်သည်။
မဟေသီကလည်း ဖော်ပြပေးခဲ့သည်။   

အကယ် စာဖတ်သူသည် ယင်းဝတ္တုဆောင်းပါးကို ပြည့်ပြည့်စုံစုံဖတ်ရှုလိုပါက ကျွန်းသာယာဘလော့တွင် ၂၀၁၁ ခုနှစ်က မိမိရေးခဲ့သောစာမျက်နှာကိုရှာဖွေဖတ်ရှုနိုင်ပါသည်။



ဆက်ရေးပါဦးမည်။


  





No comments:

Post a Comment