Saturday, August 17, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၂


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (12)





ညီလာခံခရီးစဉ်အကြောင်းကို  ဇွန်လဆန်းမှာ အမှတ် ၁၁ အထိရေးထားပြီးနောက် ဆက်မရေးဖြစ်ခဲ့ပေ။

ကျွန်းသာယာစာဖတ်ပရိသတ်များ အပြောင်းအလဲရှိစေရန် အခြားသောအကြောင်းအရာများကို ပြောင်းလဲရေးသားခဲ့သည်။

သို့ဖြင့် တစ်လကျော်ကြာသွားခဲ့သည်။

ယခု ညီလာခံအတွေ့အကြုံများကို ဆက်လက်မျှဝေသွားပါမည်။




မိမိတို့သွားရောက်ခဲ့သောညီလာခံပြီးစီးသွားသော်လည်း ညီလာခံနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များကို ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ WCPT E-Update ဆိုပြီး အီးမေးဖြင့် ဆက်လက် ပေးပို့နေပါသေးသည်။

ယင်းသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှတစ်ခုမှာ Facts and figures ဖြစ်သည်။

ပြီးခဲ့သောညီလာခံနှင့်ပတ်သက်ပြီး 'သင်သိပါရဲ့ လား' ဆိုပြီး သိသင့်သိထိုက်သည်များကို သတင်းပေးလျက်ရှိသည်။

ဥပမာ၊

  • ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်စုစုပေါင်း ၄,၅၀၀ ရှိသည်။
  • ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
  • ကိုယ်စားလှယ်စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းသောအရေအတွက်သည် ဤညီလာခံကြီးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖူးကြခြင်းဖြစ်သည်။ 




သို့နှင့် ညီလာခံနောက်ဆုံးနေ့ (၁၃ ရက် မေလ) နေ့ခင်းပိုင်းက မိမိဓာတ်ပုံရိုက်ယူခဲ့သော Thank You! ဆိုင်းဘုတ်ကို ပြန်ပြီးကြည့်မိပါသည်။

ညီလာခံခန်းမတစ်နေရာ ကြမ်းပေါ်တွင်လှလှပပထောင်ထားသော ရင်ခေါင်းအမြင့်ခန့်ရှိဆိုင်းဘုတ်လေးတွင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အရေအတွက်စုစုပေါင်းကို  ၄,၃၀၀ ဟုသာဖော်ပြထားခဲ့သည်။

ထိုစဉ်က ညီလာခံလုံးဝမပြီးဆုံးသေးသဖြင့် အသေးစိတ်စာရင်းအတိအကျ မရရှိနိုင်သောကြောင့်ဖြစ်တန်ရာသည်။


























No comments:

Post a Comment