Saturday, December 14, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၆



World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (16)






Mental Health in Physiotherapy

အကြောအဆစ်ကုပညာရပ်နှင့်စိတ်ကျန်းမာရေးအကြောင်းကို အကျဉ်းမျှဆွေနွေးကြည့်ကြပါစို့။

အချင်းချင်း မည်ကဲ့သို့ကြောင်းကျိုးဆက်နွယ်ပတ်သက်ပြီး အမှီသဟဲကပြုမှုရှိနေကြပါသနည်း။

အကြောအဆစ်ကုပညာရှင်များသည် လူတို့၏လှုပ်ရှားသွားလာမှု (movement) နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်း (functional ability) တို့ 
- ဖွံ့ဖြိုးလာစေရေး၊ 
- တည်တံ့နေစေရေးနှင့် 
- (အကယ်၍အားနည်းဆုံးရှုံးသွားခဲသော်) ပြန်လည်ရရှိနိုင်စေရေးတို့အတွက် အဓိကအားဖြင့် တာဝန်ယူဆောင်ရွက်ပေးရသည်။
     
သို့ဖြစ်ရာ ရုတ်တရက်ကြည့်မည်ဆိုပါက ရုပ်ပိုင်းသက်သက်ဖြင့်သာသက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်စရာရှိလေသည်။

အမှန်က ယင်းသို့မဟုတ်။
ထိုမျှနှင့် ပြီးပြည့်စုံခြင်းမရှိ။

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အသင်းကြီး (WCPT) ၏အဆိုအရ ရုပ်ပိုင်း (physical) အပြင်၊


- စိတ်ပိုင်း (psychological)
- စိတ်လှုပ်ရှားခံစားမှုပိုင်း (emotional)နှင့်
- လူမှုရေးပိုင်း (social wellbeing) တို့ကိုပါ လွှမ်းခြုံမိရမည်ဖြစ်သည်။   

အဘယ်ကြောင့်ဆိုသော် စိတ်ကျန်းမာရေးပြသနာများ (mental health problems/disorders) သည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းကိုအခြေခံသည့်အတွေးများ (thoughts)၊ ယုံကြည်ချက်များ beliefs) နှင့်တိုက်ရိုက်ပတ်သက်နေသောကြောင့်ဖြစ်ရလေသည်။  

      မြန်မာစကားတွင်၊ 
      - စိတ်ထောင်းတော့ ကိုယ်ကျေ 
      - စိတ်ပျိုတော့ ကိုယ်နု ဟူ၍ ဆိုထားရိုးရှိခဲ့လေရာ စိတ်နှင့်ရုပ်တို့အချင်းချင်း အပြန်အလှန်အမှီသဟဲပြုနေမှု နှင့်သက်ရောက်မှုရှိတတ်ခြင်းတို့ကို ထင်ရှားစေပါသည်။ 
     
     ထိုကြောင့် စိတ်က ရုပ်အပေါ်တွင် ကောင်းမှုဆိုးမှုများဖြစ်စေနိုင်သလို ရုပ်ကလည်း စိတ်အပေါ်တွင် ကောင်းမှုဆိုးမှုများဖြစ်စေနိုင်ကြောင်းကို သုတေသနပြုလေ့လာသိရှိကြပြီးဖြစ်သည်။ 

     အကြောအဆစ်လူနာများ၏ရုပ်ပိုင်းရောဂါဝေဒနာများက သူတို့၏စိတ်ကျန်းမာရေးကို မည်ကဲ့သို့ဆင့်ပွားထိခိုက်စေနိုင်ကြောင်းလေ့လာတွေ့ရှိချက်အချို့ ကို အောက်တွင်ဖော်ပြလိုက်ပါသည်။ 







    




ယူနိုက်တက်ကင်းဒန်း (United Kingdom) မှ Physiotherapist ဒေါက်တာဘရန်ဒန်စတပ်(ဘ) ဟောပြောပို့ချနေစဉ်။



           ၁) Osteoarthritis ခေါ် အရိုးအကြောအဆစ်ရောင်ရောဂါတစ်မျိုးခံစားနေကြရသူများတွင် ၂၀% သည် စိတ်ကျရောဂါ (Depression) နှင့် အခြားသော ၂၀% သည် စိတ်သောကရောဂါ (Anxiety) ခံစားနေကြရသည်။ (Stubbs et al 2016c)  

     ၂) လေဖြတ်ဝေဒနာခံစားနေကြရသူများတွင် ၂၉% သည် စိတ်ကျရောဂါ (Depression) ခံစားနေကြရသည်။ (Ayerbe et al 2013)  

     ၃) COPD (Chronic Obstructive Pulmonary Disease) ခေါ် အဆုတ်ရောဂါတစ်မျိုးခံစားနေကြရသူများတွင် ၂၆% သည် စိတ်ကျရောဂါ (Depression) ခံစားနေကြရသည်။ (Yohannes et al 2014)   

     ၄) ကင်ဆာရောဂါခံစားနေကြရသူများတွင် ၁၁.၆% သည် စိတ်ကျရောဂါ (Depression) နှင့် အခြားသော ၁၇.၉% သည် စိတ်သောကရောဂါ (Anxiety) ခံစားနေကြရသည်။ (Mitchell et al 2013)  


























No comments:

Post a Comment