Tuesday, February 22, 2022

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၉) COVID ဆောင်သို့တကျော့ပြန်

 

SOURCE: Internet (22/2/22)


မိမိသည် ဆေးရုံ၏ဖျားနာအထူးကြီးကြပ်ဆောင် ၃ ဆောင်တွင် လပေါင်း ၂၀ ကျော် တာဝန်ထမ်း                        ဆောင်ပြီးနောက် မိခင်ဌာန (Physiotherapy Department) သို့ ပြီးခဲ့သည့်နိုဝင်ဘာလကပြန်ရောက်                     ခဲ့ပါသည်။ 

စင်ကာပူတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုစတင်များလာချိန်တွင် ဆေးရုံမှကိုဗစ်-၁၉                 လူနာများထားရှိကုသပေးသည့် အဆိုပါဖျားနာအထူးကြီးကြပ်ဆောင်များသို့ မိမိ ပြောင်ရွေ့ တာဝန်                   ထမ်းဆောင်ခဲ့ရသည်။ 

ထိုအချိန်က ယင်းအဆောင်များတွင် ကိုဗစ်-၁၉ လူနာများအပြင် ကိုဗစ်ရောဂါမဖြစ်သည့်အခြားအခြား                သောဖျားနာလူနာအမျိုးအစားများလည်းရှိနေကြသည်။ 

ဥပမာ လူနာတစ်ဦးစီ၏မူလရောဂါများ(သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆုတ်ရောင်ရောဂါစသည်)၏အခြေ              အနေဆိုးလာသော ထွေလာသောကြောင့် သမားတော်နှင့်ပြသကုသရန်လိုအပ်သဖြင့် အထွေထွေလူ               နာဆောင်များ (General wards) မှ ပို့လွှတ်ထားခြင်းဖြစ်သည်။  

သို့သော် ပြီးခဲ့သည့်နှစ်ကုန်ခါနီးက ဆေးရုံတွင်ကိုဗစ်-၁၉လူနာများအတော်လေးများလာသဖြင့် မူလက           ဖျားနာလူနာဆောင် ၃ ဆောင်အပြင် နောက်ထပ်ကိုဗစ်-၁၉ လူနာသီးသန့်ဆောင်တစ်ဆောင်အသစ်                ထပ်ဖွင့်ရသည်။

ထိုအခါ မိမိ မူလကတာဝန်ကျနေသည့် အဆောင် ၃ ဆောင်မှာပင် ကိုဗစ်-၁၉ လူနာများ တစ်နေ့တခြား           များလာပြီး Chest Physiotherapy ပြုလုပ်ပေးရန် မနိုင်မနင်းဖြစ်လာခဲ့သည်။

ထိုကြောင့် မိမိ၏နေရာတွင် နောက်ထပ် Physiotherapist ၂ ဦးပြောင်းရွေ့ တာဝန်ပေးပြီး မိမိကို အခြား                သောအထွေထွေလူနာဆောင်များသို့ ပြောင်းရွေ့ ပေးခဲ့ပါသည်။

 















ဆက်ရေးပါဦးမည်။





No comments:

Post a Comment