Sunday, May 15, 2022

ဟိုတစ်ချိန်က အမှတ်တရလေးများ (၁)

 


(၀ဲဖက်မှ - ဦးသာဇံ၊ ဦးစောသောင် (ကွယ်လွန်)၊ ဦးမောင်မောင်မြင့်၊ ဦးတင်မောင်အေး)


လူ့လောက၌ ၇၄ နှစ်ကြာသည်အထိ အသက်ရှင်နေထိုင်ပြီးသည့်နောက်တွင် မိမိမှာ အတိတ်
က အရိပ်ပမာအမှတ်ရစရာလေးတွေ အများအပြားရှိခဲ့ပါသည်။

တခါတရံမှာ သူ့အလိုလို ဖြတ်ကနဲအတွေးထဲဝင်လာတတ်ကြသလို တခါတလေမှာတော့ အ
ကြောင်းအရာတစ်ခုခုနှင့်ဆက်စပ်ပြီး တွေးမိ သတိရမိသည့်အခါမျိုးလည်း ရှိတတ်ပါသည်။

ညက စာအုပ်စင်အနားတွင်ရှိသည့် ဓာတ်ပုံအယ်(လ)ဘန်တစ်ခုကို ဘာရယ်မဟုတ် အမှတ်
မထင်ဆွဲယူပြီးကြည့်လိုက်မိသည်။

ထိုအခါ မြန်မာနိုင်ငံမှ စင်ကာပူသို့လာရောက်အလုပ်လုပ်နေကြသည့် အကြောအဆစ်ကုပညာ
ရှင် ၄ ဦးတို့ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (Burmese Buddhist Temple) ရှေ့ တွင် 
အမှတ်တရရိုက်ခဲ့သောဓာတ်ပုံလေးကို တွေ့ ရသည်။

ထိုစဉ်က ဆရာဦးမောင်မောင်မြင့်က Asian Women’s Welfare Association(AWWA) မှာ 

အလုပ်လုပ်နေပြီး မိမိက Movement for the Intellectually Disabled of Singapore(MINDS)

တွင် အလုပ်လုပ်နေပါသည်။ 

ဆရာဦးသာဇံနှင့်ဦးစောသောင်တို့ ၂ ဦးသည် Home Nursing Foundation မှာ အလုပ်လုပ်နေ

သည်ဟုထင်ပါသည်။ အသေအချာတော့ မမှတ်မိတော့ပေ။
















မိမိနှင့်ကိုစောသောင်တို့သည် ဆေးဘက်ပညာသိပ္ပံ(Institute of Para-Medical Sciences)တွင်

ပထမနှစ်မှနောက်ဆုံးနှစ်အထိ အတူတက်ရောက်ပညာသင်ခဲ့ကြသူများဖြစ်သည်။


မိမိသည် မြန်မာပြည်မှာတုန်းက ဆရာဦးသာဇံနှင့် အလုပ်အတူလုပ်ခဲ့ဖူးသည်။

ရန်ကုန်မြို့  ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled)

တွင် ၃ နှစ်ခန့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ကြ၏။


ဦးမောင်မောင်မြင့်နှင့်မိမိတို့သည် ကြည့်မြင်တိုင်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အကြော

အဆစ်ကုပညာရှင်များဖြစ်ကြသည့် ဆရာကြီးဦးထွန်းအောင်ဇံ (MCSP, England)၊ ဆရာမကြီး

ဒေါ်မြင့်ပြုံးဦးတို့နှင့်အတူ အလုပ်လုပ်ခဲ့ကြပါသည်။ 














ဆက်ရေးပါဦးမည်။





No comments:

Post a Comment