Wednesday, November 23, 2022

အလှပြင်ဆရာမ မြေးငယ်လေး၏လက်ရာ

 


မိမိတို့အဖိုးအဖွားများထံ မြေးလေး ၂ ယောက်က မကြာခဏဆိုသလို အလယ်ရောက်လာလေ့

ရှိကြပါတယ်။

အိမ်မှာ သူတို့အန်ကယ်လေးရှိရင် အန်ကယ်လေးရဲ့ အခန်းထဲမှာရှိတဲ့အားကစားလေ့ကျင့်တွဲခိုကြိုး 

(Exercise Hanging Straps) နဲ့ လွှဲရမ်းကစားကြလေ့ရှိတာ။ 

တခါတခါ တွဲလွှဲခိုစီးကြတယ်။

တခါတလေမှာတော့ လက်ကိုင်ကြိုးကွင်း ၂ ကွင်းထဲကို ခြေတချောင်းစီသွင်းပြီး ခွထိုင်စီးကြတယ်။

သူတို့အန်ကယ်လေးက ခပ်မြန်မြန်လွှဲတွန်းပေးတာကို သဘောကျတတ်ကြတာ။

တဟီးဟီး တဟားဟား အသံသေး အသံကြောင်တွေနဲ့ ဆူညံနေကောပဲ။

ကြောက်လန့်တာရော ပျော်တာရောစုံလို့ပါပဲ။













ဆက်ရေးပါမည်။








No comments:

Post a Comment