Saturday, May 13, 2023

ဆရာကြီးဦးတင်အောင် ၃ နှစ်ပြည့် အမှတ်တရ ဂါရဝ

 



ဒီကနေ့ မေလ ၁၃ ရက်မှာ လွန်ခဲ့တဲ့ ၇ နှစ်က ဖေ့(စ)ဘွတ်တွင်မိမိရေးတင်ထားခဲ့သည့် 'ဆရာကြီး

ဦးတင်အောင်အား အဝေးမှကန်တော့ခြင်း'ဆိုသည့်စာနှင့်ဓာတ်ပုံလေး ပြန်ဖော်ပြပေးသဖြင့် ကွယ်

လွန်သွားကြပြီဖြစ်သော မိမိ၏ဆရာဖြစ်သူနှင့်လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတို့နှစ်ဦးအား သတိတရ

ဖြစ်ရပါတယ်။


မိမိ၏ဆရာဖြစ်သူက သြစတေးလျှနိုင်ငံမှာ အကြောအဆစ်ကုပညာရပ် (Physiotherapy) ကိုသင်

ကြားခဲ့ပြီး ဆေးဘက်ပညာသိပ္ပံကျောင်း (Institute of Para-Medical Sciences)တွင် ကထိကတာ

ဝန်ထမ်းဆောင်ခဲ့သူ ဆရာကြီးဦးတင်အောင်ဖြစ်ပါတယ်။


ဆရာကြီးက တတိယနှစ်မှာ မိမိတို့ကို ခန္ဓာဗေဒပညာရပ်(Anatomy)သင်ကြားပေးပြီး စတုတ္ထနှစ်

မှာတော့ လှုပ်ရှားလေ့ကျင့်ကုသမှုပညာရပ် (Exercise Therapy) ကို သင်ကြားပေးခဲ့ပါတယ်။


အဲဒီအချိန်တုန်းက မိမိတို့ဆေးဘက်ပညာသိပ္ပံကျောင်း၏အကြောအဆစ်ကုပညာရပ်ဌာနမှာ နိုင်ငံ

ခြားမှပညာတော်သင်ပြီးပြန်လာသည့်ကထိက ၃ ဦးရှိခဲ့ကြပါတယ်။ 

ဆရာကြီးဦးထွန်းအောင်ဇံ(MCSP; Dip TP, SRP England UK)၊ ဆရာကြီးဦးအောင်မြင့်(MCSP, 

SRP England UK)နဲ့ ဆရာကြီးဦးတင်အောင်(MAPA, Australia) တို့ဖြစ်ကြပါတယ်။ နောက်လက်

ထောက်ကထိကတဦးကတော့ မြန်မာပြည်ကကျောင်းဆင်းပြီးစမှာ ဆရာပြန်လုပ်တဲ့ဆရာကြီးဦး

မောင်မောင်ဖြစ်ပါတယ်။









ယခုအခါတွင် ဆရာကြီး ၄ ဦးစလုံးကွယ်လွန်သွားခဲ့ကြပြီဖြစ်ပါတယ်။

ဆရာကြီးဦးထွန်းအောင်ဇံနှင့်ဆရာကြီးဦးတင်အောင်တို့က မြန်မာပြည်မှာဆုံးတာဖြစ်ပြီး ဆရာကြီးဦး

အောင်မြင့်က ကနေဒါနိုင်ငံမှာဆုံးပါတယ်။ ဆရာကြီးဦးမောင်မောင်ကတော့ သြစတေးလျှနိုင်ငံမှာဆုံး

တာပါ။


မိမိ၏လုပ်ဖော်ကိုင်ဖက်ဆိုသူမှာ စင်ကာပူနိုင်ငံတွင် မိမိနှင့်အတူ အကြောအဆစ်ကုပညာရှင်အဖြစ် 

၁၀ နှစ်ခန့်အတူလုပ်ကိုင်သွားခဲ့ဖူးသော ဆရာဦးတင်မြင့်ဖြစ်ပါတယ်။ 

ဆရာကြီးဦးတင်အောင်က အသက် ၉၁ နှစ်အရွယ်မှာကွယ်လွန်ပြီး သူ၏တပည့်ဖြစ်သူဆရာဦးတင်

မြင့်က အသက် ၇၁ နှစ်အရွယ်မှာ ဆုံးပါးခဲ့ရှာပါတယ်။ ဆရာနှင့်တပည့် အသက်အားဖြင့် အနှစ် ၂၀ 

ကွာပြီးဆုံးခဲ့ကြတာပါ။ 

ဒါ့အပြင် တပည့်ဖြစ်သူက သူ့ဆရာ မကွယ်လွန်မီ ၁ နှစ်နီးပါးစောပြီးဆုံးခဲ့တာဖြစ်တယ်။








     







ဆက်ပြီးရေးပါဦးမည်။




No comments:

Post a Comment