Saturday, May 27, 2023

'ဂျူကွန်း'ဘတ်စ်အင်တာချိန်းမှာ နံနက်စာသွားစား (၁)




စနေနေ့က အလုပ်နားရက်ဖြစ်လို့ များသောအားဖြင့် မိမိတို့ရပ်ကွက်ထဲက ဂျူရောင်းဝက်စ်ဈေးမှာ 
မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ယောက် နံနက်စာစားကြလေ့ရှိပါတယ်။

ဒီကနေ့မနက်မှာတော့ ဘာရယ်မဟုတ် စိတ်ကူးပြောင်းပြီး ဂျူကွန်းဘတ်စ်အင်တာချိန်း(Joo Koon 
Bus Interchange) ကို မရည်ရွယ်ဘဲ ရောက်သွားခဲ့ကြတော့တာ။ 
အဲဒီမှာ နံနက်စာသွားစားဖို့ပါ။

ဂျူကွန်းဘတ်စ်အင်တာချိန်းကိုသွားဖို့ မိမိတို့လမ်းထဲကနေ ဘတ်စ်ကားအမှတ် (၃၃၄) ကို  ၄ မှတ်
တိုင်စီးပြီး ဂျူရောင်းပိုလီကလင်းနစ်မှာဆင်းရပါတယ်။ 

အဲဒီကမှ ဘတ်စ်ကားအမှတ် (၉၉) ကို ၄၅ မိနစ်ကြာစီးပြီး ဂျူကွန်းဘတ်စ်အင်တာချိန်း (အပေါ်ပုံ)ကို
ရောက်ပါတယ်။ 

အဲဒီကိုရောက်တော့ မနက် ၁၀ နာရီမထိုးသေးပါဘူး။

ဂျူကွန်းဘတ်စ်အင်တာချိန်းက လေအေးစက်တပ်ဆင်းထားတဲ့ စင်ကာပူနိုင်ငံရဲ့  (၈)ခုမြောက်ဘတ်စ်
အင်တာချိန်းဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်ကဆင်းပြီး မှန်တံခါးကိုဖြတ်ကာ ပထမအထပ်အတွင်းကိုဝင်လိုက်တာနဲ့ စားသောက်
ဆိုင်အတော်များများကိုတွေ့ရပါတယ်။












Photos: Toast Box


အချိန်က မနက်စာစားချိန်လဲဖြစ် စနေနေ့လဲဖြစ်နေလို့ပဲလားမသိ။ လူ သိပ်များများ မတွေ့ရပါ

ဘူး။ 

ဘတ်စ်ကားတွေမှာလဲ ခရီးသည်တွေ ရှင်းလို့ပါ။

မိမိတို့ မနက်စာဝင်စားတဲ့ Toast Box ဆိုင်ထဲမှာ လူရှင်းနေတာကြောင့် နှစ်ယောက်ထိုင်စားပွဲ

လေးကို တယောက်တလုံးစီ ကျယ်ကျယ်လွင့်လွင့် ထိုင်စားခဲ့ကြတာ။ 

ဒီကနေ့စားတာနဲ့ပတ်သက်ပြီး ထူးခြားတာတခုကတော့ အခါတိုင်းလို ခပ်ကျွတ်ကျွတ်လေးကင်

ထားတဲ့ပေါင်မုန့် ထောပတ် ကာယား Kaya(အုန်းယို)သုတ်နဲ့ မကျက်တကျက်ကြက်ဥပြုတ်တွေ 

မစားဘဲ ပလာတာနဲ့ကြက်သားဟင်းကို အခုလိုဆိုင်မျိုးမှာ ဒါ ပထမဆုံးစားဖြစ်ခဲ့တာဖြစ်တယ်။ 


ရယ်စရာပြောရရင် စင်ကာပူမှာ ပလာတာကို အိန္ဒိယနွယ်ဖွား(ကုလား)တွေကပဲ လုပ်ကြလေ့ရှိပြီး

ဒီဆိုင်မှာတော့ တရုတ်လုပ်တဲ့ပလာတာကို စားခဲ့ရတာရယ်ပါ။












 


ဂျူကွန်းမြေပေါ်ဘူတာ (Joo Koon MRT station)


ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment