Thursday, August 3, 2023

မျှော်တလင့်လင့် ကိုဗစ်-၁၉ စွမ်းဆောင်ဆု(၂)

 




















အထက်ပါ ကိုဗစ်-၁၉ စွမ်းဆောင်ရည်ဆုတံဆိပ်သည် စင်ကာပူနိုင်ငံ၏ကိုဗစ်ရောဂါဆိုးအကျပ်အ

တည်းကာလအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးပညာရှင်များ၏ကြီးမားသည့်စွန့်လွှတ်စွန့်

စားအနစ်နာခံဆောင်ရွက်ခဲ့ကြသည်များကို နိုင်ငံက တန်ဖိုးထားအသိအမှတ်ပြုသောအားဖြင့် ချီး

ကျူးဂုဏ်ပြုသည့်နိုင်ငံတော်ဆုတံဆိပ်ဖြစ်သည်။


မျှော်တလင့်လင့် အမှတ်(၁) မှာ မိမိပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီဆုတံဆိပ်နဲ့ပတ်သက်လို့ မိမိ၏ဌာန

မှူး (Physiotherapy Head of Department) က ဆေးရုံကနေတဆင့် မိမိအား ထောက်ခံချက်ပေး

ထားကြောင်းသိရပြီးဖြစ်ပါတယ်။  

ယခုကဲ့သို့ နိုင်ငံတော်က ချီးမြှင့်ပေးအပ်မည့်ဆုတံဆိပ်အတွက် မိမိအား အဆိုပြုထောက်ခံပေးထား 

ကြောင်းသိရတဲ့အခါ အတိုင်းမသိဝမ်းသာခဲ့ရသလို ရနိုင်ကောင်းရဲ့ လို့လဲ မ၀ံ့မရဲလေး စဉ်းစားကြည့်

မိတော့တာ။ ရရ မရရ စိတ်ကူးလေး ယဉ်မိတော့တာ။













မိမိက စင်ကာပူနိုင်ငံကဆေးရုံကြီးတခုမှာ အချိန်ပြည့်ငှားရမ်းအကြောအဆစ်ကုပညာရှင်(Full-time 

Locum Physiotherapist)အဖြစ် အလုပ်လုပ်နေစဉ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်တာနဲ့ကြုံခဲ့ရပါတယ်။ 

၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ ကိုဗစ်-၁၉ အစိမ်းရောင်အဆင့်(Dorscon green)ကနေ အ၀ါ

ရောင်အဆင့်(Dorscon yellow)ကိုမြှင့်တင်လိုက်တဲ့အချိန်မှာ မိမိကိုဖျားနာအထူးကြပ်မတ်ဆောင်ကို 

ပြောင်းရွေ့ တာဝန်ပေးခဲ့ပါတယ်။ 

စင်ကာပူနိုင်ငံသည် အ၀ါရောင်အဆင့်မှာ ကြာကြာမနေလိုက်ရ။ ၂ ပတ်ကျော်အကြာလေးအတွင်း

တွင် နောက်တဆင့်ဖြစ်တဲ့ လိမ္မော်ရောင်အဆင့်(Dorscon orange)သို့ ကဆုန်ပေါက်ကူးသွားလိုက်

တာ ၂ နှစ်ကျော်ကြာတဲ့အထိကို စံချိန်တင်သွားခဲ့ပါတော့တယ်။ 


အဲဒီအချိန်ကစပြီး ဆေးရုံရဲ့ လူနာဆောင်အသီးသီးက ကိုဗစ်ဖြစ်တဲ့လူနာအားလုံး ဖျားနာဆောင်ကို

လွှဲပို့ကုသပေးခဲ့တာဖြစ်တယ်။ စောစောပိုင်းကတော့ ဆေးရုံက ကိုဗစ်လူနာတွေကို ကူးစက်ရောဂါ

အထူးကုဆေးရုံကြီးကို ပေးပို့ကုသခဲ့ရတာ။ အခုတော့ ဖျားနာဆောင်နဲ့လူနာတဦးစီသီးသန့်ထားတဲ့

အခန်းတွေကို လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီး ကိုယ့်ဆေးရုံမှာပဲ ဆရာဝန်ကြီးများကကုသပေးကြ

တော့တာ။

ထားပါတော့။ 

မိမိအကြောင်းကို ပြန်ဆက်ပါမယ်။


















ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ကိုဗစ်-၁၉ စွမ်းဆောင်ရည်ဆုနဲ့ပတ်သက်တဲ့ဝမ်းသာစရာသတင်းလေး

ကို မိမိ၏ဌာနမှူးက မိမိထံဖုန်းနဲ့သတင်းပေးခဲ့ပါတယ်။ 

PMO ဆိုတာ ၀န်ကြီးချုပ်ရုံး(Prime Minister's Office)ကို ခေါ်တာပါ။ 

ဆုနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ရုံး၏အမျိုးသားနေ့ဆိုင်ရာဆုတံဆိပ်များဝက်ဘ်ဆိုက်(PMO National 

Day Awards Website) မှာတင်ထားတယ်ဆိုပါတယ်။







ကိုဗစ်-၁၉ စွမ်းဆောင်ရည်ဆုတံဆိပ်အတွက် ဌာနရဲ့ အဆိုပြုထောက်ခံမှုရထားတာကြောင့် အ

ထက်တနေရာမှာပြောခဲ့သလို မိမိကိုယ်ကိုမိမိ ရနိုင်ကောင်းရဲ့ လို့ မ၀ံ့မရဲလေး စဉ်းစားကြည့်မိခဲ့

တာက ဒီလိုပါ။

မိမိအနေနဲ့အဓိကစဉ်းစားမိတဲ့အချက်တချက်ကတော့ မိမိသည် ၂၀၂၀ ခုနှစ်၊ဇန်န၀ါရီလမှာ ဖျား

နာအထူးကြပ်မတ်ဆောင်ကို အချိန်ပြည့်ငှားရမ်းအကြောအဆစ်ကုပညာရှင်အဖြစ်ပြောင်းရွေ့ ခဲ့

ပြီးနောက် တလကျော်အကြာ ဖေဖော်ဝါရီလကုန်မှာ အချိန်ပိုင်းဝန်ထမ်း(Part-time employee)အ

ဖြစ် မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီခွဲအထိ နေ့တ၀က်သာအလုပ်လုပ်ခဲ့တာဖြစ်လို့ပါ။ 


ဌာနမှူးက အချိန်ပြည့်ဝန်ထမ်းလုပ်ရန်တိုက်တွန်းပေမယ့် မိမိက အသက်အရွယ်အရ နားနားနေ

နေနဲ့ အလုပ်ကိုနိုင်နိုင်နင်းနင်းလုပ်ချင်တာကြောင့် အချိန်ပိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ 

ဒီတော့ အချိန်ပြည့်လုပ်ခဲ့တဲ့သူတွေနဲ့ လုပ်အားအရာမှာ မယှဉ်သာဘူးပေါ့လေ။


ဒါကြောင့် ဆုရနိုင်လေမလားဆိုတဲ့မျှော်လင့်ချက်က မိမိအဖို့ အားမရှိခဲ့တာတော့ အမှန်ရယ်ပါ။ 



No comments:

Post a Comment