Sunday, September 10, 2023

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့အား ကြိုဆိုခြင်း (၂)


We celebrated World Physiotherapy Day in our hospital (IMH)
on 8 September 2023


PT Day lunch@Orchid Country Club


စက်တင်ဘာ ၈ ရက်နေ့က မိမိတို့ဆေးရုံ အကြောအဆစ်ကုဌာန (Physiotherapy Department) တွင် 

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World PT Day)ကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။

အကြောအဆစ်ကုပညာရှင် (Physiotherapist - PT) နှင့်အကြောအဆစ်ကုလက်ထောက် (Therapist

Assistants - TA) ၂၀ ကျော်တို့ တပျော်တပါးစုပေါင်းပါဝင်ခဲ့ကြသည်။ (အထက်ပုံ)


ပညာရပ်နေ့ကျင်းပမှုမစမီမှာ မိမိတို့၏ဌာနမှူးကအဖွင့်စကားပြောရာတွင် "ကျနော်တို့ဌာနမှာ မစ္စတာ

အေးက ပညာရှင်လုပ်သက် (၅၂)နှစ်နဲ့ သက်ကြီးဝါကြီးဖြစ်တာကြောင့် သူ့ကိုလေးစားဂုဏ်ပြုတဲ့အ

နေနဲ့ ညွှန်ကြားရေးမှူးပို့ပေးတဲ့ကိတ်မုန့်ကိုလှီးပြီး ပညာရပ်နေ့ကိုစတင်ပါမယ်"ဟုပြောသဖြင့် အားလုံး

လက်ခုတ်တီးကြသည်။

ဒီနောက်မှာ ဌာနမှူးက Allied Health Director ပေးပို့သည့်မုန့်ဘူး ၂ ဘူးကိုလှမ်းကြည့်ပြီး "ကိတ်မုန့်

တော့ဟုတ်လောက်ပါရဲ့ "ဟုခန့်မှန်းလေရာ အနားမှာရှိသော Therapist Assistants က အဖုံးများကိုဖွင့်

လိုက်သောအခါ ကိတ်မုန့်မဟုတ်သဖြင့် မတိုင်ပင်ထားဘဲ အားလုံးပြိုင်တူရယ်မိကြတော့၏။(အောက်ပုံ)






သို့ဖြစ်ရာ မိမိက ကိတ်မုန့်မလှီးရသောကြောင့် မုန့်တခုကို ပထမဆုံးစယူလျက် ပညာရပ်နေ့ကိုစတင်
လိုက်ရသည်။

စားသောက်ပြီးသောအခါ PT အားလုံးနှင့်TA အချို့ သည် ဌာနမှူး၏ကားရယ် တက္ကစီ(၂)စီးရယ်စီးပြီး
Orchid Country Club သို့ နေ့လည်စာစားရန်ထွက်ခဲ့ကြပါသည်။






***





























NHG လက်အောက်ရှိဆေးရုံများနှင့်ဆေးပေးခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့်
အကြောအဆစ်ကုပညာရှင်များအား ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့အတွက် ဆုတောင်း
ပေးခဲ့သောဆေးဘက်ဆိုင်ရာပညာရပ်ကောင်စီ၏ဥက္ကဋ္ဌ(Chairperson of NHG Allied Health 
Council) သည် တွဲဖက်ပါမောက္ခစူစန်နီအမ်းဖြစ်သည်။ 

သူမသည် Physiotherapist တဦးဖြစ်ပြီး စင်ကာပူနိုင်ငံ ဆေးဘက်ပညာရှင်များကောင်စီ(Allied 
Health Professions Council - AHPC) တွင်လည်း မော်ကွန်းထိန်း(Registrar) အဖြစ်တာဝန်ယူ
ထားသေး၏။  

မှတ်ချက်AHPCသည် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိပညာရပ်ဆိုင်ရာဘုတ်အဖွဲ့ဖြစ်ပြီး Physiotherapist, 
Occupational Therapist, Clinical Psychologist, Prosthetist/Orthotist, Radiographer, Speech-Language 
Therapist, Dieticians, Radiation Therapist, Audiologist အစရှိသောဆေးဘက်ပညာရှင်များ၏လုပ်ငန်းဆိုင်ရာ
နှင့်ကျင့်ဝတ်တို့(Professional conduct and ethics) ကို ဦးဆောင်ကြီးကြပ်ပေးရသည်။ ထို့အပြင် စင်ကာပူနိုင်ငံ
တွင် ဖော်ပြပါပညာရှင်အားလုံး၏တရားဝင်အလုပ်လုပ်ခွင့်လိုင်စင်ကို AHPC ကပင် စိစစ်ကာထုတ်ပေးပါသည်။ AHPC
ဥက္ကဋ္ဌ(President)မှာလည်း Physiotherapist တဦးဖြစ်သည့် ပါမောက္ခအဲလန်ဝေါန်ဝိုင်ပေါင်ဖြစ်သည်။




No comments:

Post a Comment