Sunday, October 22, 2023

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၁)



ဟားမားစ်စစ်သွေးကြွတွေကို
ဂါဇာကနေ မောင်းထုတ်သုတ်သင်ပစ်မယ် (ယို့ဗ်ဂဲလဲန့်၊ စ္စရေးစစ်ဖက်ဝန်ကြီး)


**

အပြစ်မဲ့အစ္စရေးပြည်သူ ၁၄၀၀ ကို 

သွေးအေးအေးဖြင့်သတ်ဖြတ်ခဲ့သည့်အပြင်

အမြောက်အများကိုလည်း စစ်တန်စာခံအဖြစ်ဖမ်းဆီးထားကြောင်း

ဟားမားစ်က တရားဝင်ထုတ်ဖော်ပြောလိုက်ပြီ


 

***


စင်ကာပူမှာ ရေရှည်နေထိုင်ခွင့်ရသူများနှင့်
နိုင်ငံခြားသားများ ကျောင်းလစဉ်ကြေးပိုပေးကြရမည်












SOURCE: The Straits Times 19 October 2023


၂၀၂၄ ခုနှစ်မှ ၂၀၂၆ (၃ နှစ်)အတွင်း ကျောင်းလစဉ်ကြေးများကို တဖြည်းဖြည်းတိုးမြှင့်သွား

မည်ဖြစ်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၈)ရက် ဗုဒ္ဓဟူးနေ့တွင်

ကြေညာခဲ့သည်။ 

ယင်းကာလအတွင်း ပီအာ(PR)ကျောင်းသူကျောင်းသားများအတွက် နှစ်စဉ် (၂၅)ဒေါ်လာမှ 

(၆၀)ဒေါ်လာအတွင်းလည်းကောင်း၊ အခြားသောနိုင်ငံခြားကျာင်းသူကျောင်းသားများ(Inter-

national students)အတွက် နှစ်စဉ် (၂၅)ဒေါ်လာမှ(၁၄၀)ဒေါ်လာအတွင်းလည်းကောင်းတိုး

မြှင့်ကောက်ခံသွားမည်ဟုသိရှိရသည်။


ယခုကဲ့သို့ကျောင်းလစဉ်ကြေးများတိုးမြှင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာန၏ပုံမှန်လုပ်နေကျ

ဆောင်ရွက်ချက်တခုဖြစ်ပြီး မိဖများအနေဖြင့် ငွေရေးကြေးရေးကိုကြိုတင်စီစဉ်ထားနိုင်စေရန်

စောစီးစွာအသိပေးခြင်းဖြစ်သည်။















ကျောင်းလစဉ်ကြေးအသစ်တိုးမြှင့်ကောင်ခံခြင်းကို နှစ်စဉ်နှစ်တိုင်းဇန်န၀ါရီလတွင်ပြုလုပ်မည်

ဖြစ်သည်။

ဥပမာ၊ ပီအာ(PR) မူလတန်းကျောင်းသူကျောင်းသားများသည် ယခု လစဉ်ပေးနေသည့် ၂၅၅ 

ဒေါ်လာမှ ၃၃၀ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြရမည်။ 

အာဆီယံ(Asean)နိုင်ငံများမှမူလတန်းကျောင်းသူကျောင်းသားများသည် ယခုလစဉ်ပေးနေသည့် 

၅၂၀ ဒေါ်လာမှ ၅၉၅ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြရမည်။ 

အလားတူပင် အာဆီယံပြင်ပနိုင်ငံများ(Countries outside Asean)မှမူလတန်းကျောင်းသူကျောင်း

သားများသည် ယခုလစဉ်ပေးနေသည့် ၈၈၅ ဒေါ်လာမှ ၁၀၃၅ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြ

ရမည်။





***


နိုင်ငံရေးတွင် မျိုးဆက်ခံအာဏာရယူမှု 
 အလိုမရှိဟု 
အင်ဒိုနီးရှားအရပ်ဖက်အဖွဲ့အစည်းများ ဆန္ဒထုတ်ဖော်
 SOURCE: The Straits Times 18 October 2023



လက်ရှိအင်ဒိုနီးရှားနိုင်ငံသမတ 'ဂျိုကိုဝီဒိုဒို'၏သားကြီးသြရသဖြစ်တဲ့ စူရာကာတာမြို့ တော်ဝန် 
'မစ္စတာဂျီဘရန်'ကို လာမည့်ရွေးကောက်ပွဲမှာ ဒုတိယသမတလောင်းအဖြစ်ဝင်ရောက်အရွေးခံ
နိုင်ရန် အင်ဒိုနီးရှားတရားရုံး(Constitutional Court)က အဆုံးအဖြတ်ပေးခွင့်ပြုပေးလိုက်တာနဲ့ပတ်
သက်လို့ မကျေနပ်တဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်ပြီးဆန့်ကျင်ခဲ့ကြပါ
တယ်။

တရားရုံးရဲ့ အခုလိုမျိုးလုပ်ရပ်သည် ၀ိဝါဒဖြစ်အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တခုဖြစ်တဲ့အပြင် တိုင်း
ပြည်ကို ယခင်အာဏာရှင်ကြီး'ဆူဟာတို'ခေတ်ဆီနောက်ပြန်ဆွဲနေတာလဲဖြစ်တယ်လို့ ပြစ်တင်
ဝေဖန်ကြပါတယ်။

ဒါဟာ တနည်းအားဖြင့် ဖခင်ရဲ့ သမတရာထူးအမွေကို သားဖြစ်သူက နိုင်ငံရေးအရိုက်အရာဆက်
ခံတာ(Political Dynasty)မျိုးဖြစ်တယ်လို့ ထောက်ပြကြပါတယ်။






No comments:

Post a Comment