Saturday, October 28, 2023

အေၾကာအဆစ္ကုပညာရပ္ဆိုင္ရာကမ ၻာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၆)

 

မစ္စတာ ဟိုက်ဒီယူကီစိုက်တိုး (ဥက္ကဋ္ဌ၊ ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့-JPTA)နှင့်ဂျိုနသန်
ကရူးဂါး(အမှုဆောင်အရာရှိချုပ်၊ World Physiotherapy)  




အောက်တိုဘာ ၂၆ ရက်ကြာသပတေးနေ့စွဲဖြင့် အကြောအဆစ်ကုပညာဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း

(World Physiotherapy - WP)က ပေးပို့သည့်အီးမေး (World Physiotherapy eNews)တွင် အဖွဲ့

မှတာဝန်ရှိသူများသည် တိုကျိုမြို့ သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။


ထိုအဖွဲ့အား WP ၏အမှုဆောင်အရာရှိချုပ် 'ဂျိုနသန်ကရူးဂါး'(Jonathan Kruger)ကဦးဆောင်ပြီး ညီ

လာခံကျင်းပရေးဌာနမှူး အဲလက်ဂရရိုကာတို(Allegra Roccato)နှင့်မူဝါဒရေးရာမန်နေဂျာ ဘားဂစ်

မူလာဝင့်ကလာ(Birgit Mueller-Winkler)တို့ပါဝင်ကြသည်။ 


အကြောင်းမှာ လာမည့် ၂၀၂၅ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ၌လက်ခံကျင်းပမည့်အကြော

အဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ(World Physiotherapy Congress 2025)နှင့်သက်ဆိုင်

သည့်ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးရန်ဖြစ်သည်။

















World Physiotherapy Congress 2023 ဒူဘိုင်းမှာလား တိုကျိုမှာလား



တိုကျိုမှာကျင်းပမည့်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြိုတင်ပြင်ဆင်နေမှု

များအကြောင်းကိုမပြောမီ၂၀၂၃WP ညီလာခံ-ဒူဘိုင်းနှင့်၂၀၂၅WP ညီလာခံ-တိုကျိုမြိုမြို့တို့

၏ညီလာခံကျင်းပရေးနှင့်ပတ်သက်ပြီးအပြောင်းအလဲတခုဖြစ်ခဲ့သည်ကိုစိတ်ဝင်စားဖွယ်သတိ

ရမိနေပါသည်။

တကယ်က၂၀၂၃WP ညီလာခံကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပရန်မူလကတရားဝင်ကြေညာ

ထားခဲ့ပြီးဖြစ်သည်။တချိန်တည်းမှာWP၏အထွေထွေအစည်းအဝေးကိုလည်းတိုကျိုမြို့တွင်ပင်

ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်သည်။

 


  







          

(၂၀၂၅WP ညီလာခံနှင့်သက်ဆိုင်သည့်ကြိုတင်ပြင်ဆင်နေမှုများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးရန်(Site visit)  

တိုကျိုသို့ရောက်ရှိနေသည့် World Physiotherapy team သည် ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့မှ

ကိုယ်စားလှယ်များ၊ ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ညီလာခံကာလတွင် အလည်

အပတ်လေ့လာရေးဧည့်ခံမည့်ဆေးရုံများနှင့်အဖွဲအစည်းများ(clinical visit providers)အား ယခုနှစ်စက်တင်

ဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည် - အပေါ်ပုံ




သို့သော်ကိုဗစ်-၁၉ကပ်ရောဂါကြီးဖြစ်ပွားလာသည့်အတွက်ခရီးသွားကန့်သတ်မှုများ(Travel re-

strictions)များကြောင့်မူလကရည်ရွယ်ဆုံးဖြတ်ထားခဲ့သည့်အတိုင်းဂျပန်နိုင်ငံတွင်WP ညီလာခံ

ကို၂၀၂၃မှာကျင်းပရန်လုံးဝမဖြစ်နိုင်တော့ပေ။

ထိုကြောင့် WP ညီလာခံ ၂၀၂၃ ကို ယခုနှစ်ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ ယူအေအီးနိုင်ငံ ဒူ

ဘိုင်းမြို့ တွင် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်သည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိုစဉ်က World Physiotherapy၏ဥက္ကဋ္ဌဖြစ်သော ပါမောက္ခ'အဲမာ

စတုတ်'ကလည်း၊ 

//WP ညီလာခံ ၂၀၂၃ ကို ၂၀၂၅ ခုနှစ်မှာ တိုကျိုသို့ပြောင်းရွေ့ စီစဉ်နိုင်ခဲ့သည့်အတွက် 

ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့(JPTA) က

ဒီညီလာခံကြီး အထူးတလည်အောင်မြင်ရေးအတွက် အထူးဝါယမစိုက်လုပ်ကိုင်နေတာ

ဖြစ်လို့ စိတ်လှုပ်ရှားဖွယ်ရာကမ္ဘာ့အကြောအဆစ်ကုညီလာခံနောက်တခုကို နိုင်ငံတကာ

ကကိုယ်စားလှယ်များ လာရောက်ပါဝင်ဆင်နွဲကြမှာကို ကြိုဆိုလိုက်ပါတယ်//     

ဟုပြောခဲ့သည်။

















The Japanese Physical Therapy Association




- ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

- ၁၉၇၀ ခုနှစ်က World Physiotherapy အဖွဲ့ကြီးတွင် အသင်းဝင်ဖြစ်လာခဲ့သည်။

- ၂၀၂၀ ခုနှစ်မှာ JPTA အသင်းသားပေါင်း တသိန်း ကိုးထောင့် ငါးရာ ငါးဆယ့်တဦး (၁၀၉,၅၅၁)

ဖြင့်ကမ္ဘာတွင် အကြောအဆစ်ကုပညာရှင်အင်အားအများဆုံးရှိသည့်နိုင်ငံ(အသင်း)ဖြစ်ခဲ့သည်။


WP ညီလာခံကြီးကို မူလကဆုံးဖြတ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ မကျင်းပ

နိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော မစ္စတာ

'ဟိုက်ဒီယူကီစိုက်တိုး'က၊

//ဒါနဲ့ပတ်သက်လို့ World Physiotherapy အဖွဲ့ကြီးအနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တခု 

ချမှတ်ခဲ့ရတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။ အခုလိုခက်ခက်ခဲခဲအခြေ

အနေတရပ်ကိုကျော်လွန်နိုင်ခဲ့တဲ့အတွက်လဲ များစွာနှစ်ထောင်းအားရဖြစ်မိပါတယ်။

ဒီမှာထူးခြားတာတခုကတော့ ယခု WP ညီလာခံ ၂၀၂၅ ဟာ ကျနော်တို့ JPTAအသင်း

ဖွဲ့စည်းခြင်းရဲ့  အနှစ် (၆၀)မြောက်အခမ်းအနားနဲ့ တိုက်ဆိုင်နေတာပဲဖြစ်ပါတယ်//

ဟုပြောခဲ့ပါသေးသည်။
















No comments:

Post a Comment