Tuesday, December 12, 2023

မျှော်တလင့်လင့် ကိုဗစ်-၁၉ စွမ်းဆောင်ဆု(၄)

 




ဒီကနေ့မနက် ၁၁ နာရီကျော်လောက်မှာ"Celebrating Healthcare Heroes event"ကျင်းပရာ F1 Pit 
Building ကို ဆေးရုံကနေ ဌာနမှူးရဲ့ ကားနဲ့သွားခဲ့ကြပါတယ်။

မိမိတို့အကြောအဆစ်ကုဌာနက Physiotherapist ၄ ဦးနဲ့Therapy Assistant ၂ ဦး စုစုပေါင်း ၆ ဦး ကို
ဗစ်-၁၉ စွမ်းဆောင်ရည်ဆုတံဆိပ်(Covid-19 Resillience Medal) သွားယူကြတာပါ။

စင်ကာပူနိုင်ငံ၏၀န်ကြီးဌာနပေါင်းစုံနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်းအသီးသီးက ဆုရရှိတဲ့သူအရေ
အတွက်များပြားပေမယ့် အခမ်းအနားကို စနစ်တကျစီစဉ်ဆောက်ရွက်ထားတဲ့အတွက် အခက်အခဲမ
ရှိပဲ အဆင်ပြေပါတယ်။

ဒါ့အပြင် ဆုရရှိသူများနဲ့သူတို့၏ဧည့်သည်များအတွက်စားသောက်စရာတွေ၊နေထိုင်နားနေစရာတွေ၊
အမှတ်တရဓာတ်ပုံရိုက်စရာတွေနဲ့ကစားပျော်ပါးစရာတွေကို နေရာမလပ်ဆောင်ရွက်ထားရှိပေးတာ
ကလဲ ပြောစရာမရှိအောင်ပင် ကောင်းမွန်ပြည့်စုံလို့ပါပဲ။














ဥပမာ အထက်ပါဓာတ်ပုံ ၂ ပုံ (memorable photoshoot) က ဒီအခန်းအနားကျင်းပရာနေရာမှာရှိ
တဲ့ ဓာတ်ပုံစတူဒီယိုခန်းမှာတာဝန်ကျသူများက အခကြေးငွေမပေးရပဲရိုက်ပေးတာပါ။ 

ဓာတ်ပုံရိုက်ပြီးတာနဲ့ တခါတည်းချက်ခြင်းပေးလိုက်တာဖြစ်တယ်။ စောင့်ယူရတာမျိုး မရှိပါဘူး။


အောက်ကပုံဆိုလို့ရှိရင် မိမိတို့ ၃ ယောက်က ကင်မရာတပ်ဆင်ထားတဲ့ခြေခုံအ၀ိုင်းပြားကြီးပေါ်မှာ 
ရပ်နေပြီး အဲဒီအ၀ိုင်းပြားကြီးလည်ပတ်နေတဲ့အခါ ကင်မရာကဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်တာ။

ပြီးတာနဲ့ ရိုက်ထားတဲ့ဗွီဒီယိုလေးကို မိမိတို့ဌာနမှူးရဲ့ ဖုန်းထဲ ချက်ချင်းတခါထဲပို့ပေးလိုက်ပါတယ်။
သူကနေ မိမိတို့အားလုံးရဲ့ တယ်လီဖုန်းတွေကို တဦးစီပြန်ပို့ပေးတာဖြစ်တယ်။
ဒါကိုလဲ အခကြေးငွေမပေးရပဲရိုက်ပေးတာပါ။ 

အ၀ိုင်းပြားကြီးလည်ပတ်နေလို့ ဓာတ်ပုံရိုက်နေတုန်း ခြေလက်ခေါင်းခါးကို မြူးမြူးကြွကြွလေးလှုပ်
ရှားကြဖို့ပြောပါတယ်။ 

အသက်ကြီးသူတွေက ရှက်စနိုးနဲ့ လက်ကလေးကွေးဆန့်ဝှေ့ရမ်းကြလို့။
ငယ်ရွယ်သူတွေကတော့ ဒွန့်ဒွန့်ဒန့်ဒန့်လေးတွေလုပ်ကြလို့ရယ်။

ပျော်စရာလဲ ပျော်စရာ။
အမှတ်တရလဲ အမှတ်တရပေါ့နော်။









***







































No comments:

Post a Comment