Wednesday, December 20, 2023

စင်ကာပူမှာ ကိုဗစ်-၁၉ ဖြစ်သူများ တိုးပွားလက်ရှိလာ

 


ဒီဇင်ဘာလပထမအပတ်က စင်ကာပူမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၃ သောင်းကျော်

(၃၂,၀၃၅)ရှိခဲ့ပါတယ်။

၂၀၂၃ နှစ်ထဲမှာ ဒီအရေအတွက်ဟာ အမြင့်မားဆုံးဖြစ်ပါတယ်။ 


အခုနှစ် မတ်လက တပတ်အတွင်းဖြစ်ခဲ့တဲ့အရေအတွက်က ၃ သောင်းနီးပါး(၂၈,၄၁၀)ပဲရှိခဲ့တာပါ။

"အကယ်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အပြည့်အ၀ထိုးနှံမထားကြဘူးဆိုရင် နောက်တခါ

ကိုဗစ်-၁၉ ရောဂါလှိုင်းတခုထပ်ဖြစ်လာတဲ့အခါ ကြီးမားတဲ့သက်ရောက်မှုကိုကြုံတွေ့နိုင်တယ်" လို့

ကျန်းမာရေးဝန်ကြီး မစ္စတာအောယီကွန်းက သတိပေးထားပါတယ်။ 









 





ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေ နောက်တခါများပြားလာရတာဟာ အကြောင်းအမျိုးမျိုး

ရှိနေပါတယ်။ 

မစ္စတာအောယီကွန်းက အောက်ပါအတိုင်းရှင်းပြထားတာကို တွေ့ရပါတယ်။

၁) ကာကွယ်ဆေးထိုးနှံထားကြတဲ့လူထုတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်း(population immunity/herd

immunity) က အချိန်ကြမြင့်လာတာနဲ့အမျှကျဆင်းလာတာရယ်

၂) နှစ်ကုန်ပိုင်းမှာကျင်းပလေ့ရှိတဲ့ပွဲတော်တွေ၊ အခမ်းအနားတွေနဲ့ခရီးသွားလာမှုတွေကြောင့် လူအုပ်

လိုက်ဆက်ဆံထိတွေ့ကြတာတွေများလာတာကြောင့်ရယ်လို့ သုံးသပ်ထားပါတယ်။















No comments:

Post a Comment