Sunday, February 11, 2024

မျှော်တလင့်လင့်- အကြောအဆစ်စာအုပ်(၁)




မနေ့က တူမလေးတယောက်က ရန်ကုန်မြို့ လယ်ခေါင် ၃၃ လမ်းမှာရှိသည့် ဂုဏ်ထူးစာပေတိုက်ကို 
မိမိကိုယ်စား ရောက်သွားခဲ့ပါတယ်။

'ဂုဏ်ထူးစာပေ'ဆိုတာက မိမိ၏စာအုပ်များကို ပုံနှိပ်ထုတ်ဝေပြီး တနိုင်ငံလုံးကိုဖြန့်ချိပေးခဲ့တဲ့ စာအုပ်
တိုက်ပါ။ ဟိုတချိန် မိမိတို့စာပေလှုပ်ရှားမှုများလုပ်ခဲ့ကြစဉ်အခါက မြန်မာပြည်ရဲ့ ထင်ရှားအောင်မြင်
သည့်စာပေတိုက်ကြီးအနည်းငယ်ထဲမှာ ဂုဏ်ထူးစာပေသည်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။

မိမိတို့စာရေးဆရာများအနေဖြင့် မိမိရေးသားပြုစုတဲ့စာအုပ်များအတွက် ဂုဏ်ယူဝမ်းမြောက်ကြရသ
လို မိမိတို့၏စာအုပ်များကိုထုတ်ဝေဖြန့်ချိပေးသည့်စာပေတိုက်၏အမည် တနည်း ဂုဏ်အရှိန်အ၀ါက
လည်း ဂုဏ်ယူစရာကြီးတခုပါ။

ဒီအကြောင်းကို ဒီနေရာမှာခဏရပ်ပြီး မိမိ၏စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်တဲ့သတင်းကောင်းကို
မျှဝေချင်ပါတယ်။

မိမိ၏တူမလေး စာပေတိုက်ကိုသွားရသည့်အဓိကရည်ရွယ်ချက်က သူတို့ကိုငှားထားခဲ့တဲ့ မိမိ၏စာ
အုပ် (၅) အုပ်ကိုပြန်ယူဖို့ဖြစ်ပါတယ်။ အရင်ကပြောလက်စဖြစ်တဲ့စာအုပ်ထုတ်ဝေရေးကိစ္စ လုံးဝမပါ
ပါဘူး။ 

ပြီးခဲ့တဲ့နောက်ဆုံးအခေါက် မြန်မာပြည်ကိုအလည်ပြန်စဉ်(ကိုဗစ်-၁၉ မတိုင်မီ)က ဇနီးနှင့်အတူ မိမိ
စာပေတိုက်ကိုရောက်သွားခဲ့ပါတယ်။ အမျိုးသားစာပေဆုရသည့် မိမိ၏ပထမဆုံးစာပေလက်ရာဖြစ်
တဲ့စာအုပ်ကို တတိယအကြိမ်ပြန်ပြီးထုတ်ဝေဖို့ပါ။ 

မိမိ မြန်မာပြည်ကိုအလည်မပြန်မီကတည်းက စာပေတိုက်မန်နေဂျာ ဦးအောင်မြင့်က အဲဒီစာအုပ်ကို
တတိယအကြိမ်အဖြစ် ပြန်ရိုက်ချင်တဲ့အကြောင်းပြောလာခဲ့လို့ဖြစ်ပါတယ်။

 ဒါနဲ့ မိမိက ကျန်တဲ့စာအုပ် ၄ အုပ်ကို တပါတည်းယူသွားခဲ့ပြီး စာပေတိုက်အနေနဲ့ ဘယ်စာအုပ်
တွေကို နောက်ထပ်ပြန်ရိုက်ချင်လဲဆိုတာကိုပါ တလက်စာတည်း ဆွေးနွေးနိုင်အောင်လို့ပါ။  


No comments:

Post a Comment