Saturday, March 2, 2024

စပ်မိစပ်ရာများ(၁၄) -- ကိုယ်ကချစ်ရတဲ့သူ ၁

 



ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စန္ဒရားချစ်ဆွေရဲ့ 'အမုန်းခွန်အားပေးသနားပါ'သီချင်းလေး ဖေ့စ်ဘွတ်မှာ

၎ နှစ်ပြည့်ပြန်ပေါ်လာလို့ နားထောင်ခံစားကြည့်မိပါတယ်။ 


ဒီသီချင်းကို မိမိငယ်စဉ် ၉ တန်း ၁၀ တန်း ချစ်တတ်တဲ့အရွယ်တုန်းက များစွာခံစားနှစ်သက်ခဲ့ပါ

တယ်။

အဲဒီအချိန်က မိမိသည် ကန့်ဘလူမြို့  အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတာဖြစ်လို့ ရုပ်

ရှင်ရုံက အသံချဲ့ စက်(လောက်စပီကာ)နဲ့ဖွင့်တဲ့သီချင်းတွေကို ညနေတိုင်းလိုလိုကြားခဲ့ရတာ။ 


မိမိအမှတ်မမှားဘူးဆိုရင် ဓာတ်ပြားအဆိုတော်က ကိုတင်လှိုင်ပါ။ န္ဒရားချစ်ဆွေ မဟုတ်ဘူးလို့ မိမိ

ထင်မိပါတယ်။











တေးရေးမောင်ဆွေနွယ်ရဲ့ ထင်ရှားတဲ့သီချင်းတပုဒ်ဖြစ်သလို အချစ် အဆွေး အလွမ်းသီချင်းတွေအ

ဆိုကောင်းတဲ့ အဆိုတော်ကိုတင်လှိုင်ရဲ့ အောင်မြင်တဲ့သီချင်းတပုဒ်လဲဖြစ်ခဲ့တာ။ 


ကိုတင်လှိုင်ရဲ့ အဆွေးသံပါတဲ့သီချင်းတွေဖြစ်တဲ့ သံသရာဆုတောင်း၊ မုန်းရစ်လေဦး၊ ပန်းနဲ့ပေါက်တာ

လည်းနာချင်တယ်၊ အချစ်ဦးသို့ရွှေနားတော်သွင်းဧချင်း၊ တစ်ကမ္ဘာမခြားသေးပါဘူးကွယ်အစရှိသည့်

သီချင်းများကိုနားထောင်ပြီး ရည်းစားလဲမရှိဘဲနဲ့ လွမ်းခဲ့ဖူးတယ်။ ဆွေးလဲဆွေးကြည့်တတ်ခဲ့သေးတာ။

ချစ်လဲချစ်တတ်နေပီပဲလေ။ 


ဒါကြောင့် မိမိတို့သူငယ်ချင်းတွေအထဲက အဆွေးသီချင်းအဆိုကောင်းတဲ့သူငယ်ချင်းနဲ့ ည ညတွေမှာ 

သူငယ်ချင်းမိန်းမပျိုတချို့ ရဲ့ အိမ်ရှေ့ မှာရစ်သီရစ်သီနဲ့လျှောက်ပြန်သံပေးသွားလို့ သီချင်းဆိုပြီးရွှေနား

တော်သွင်းခဲ့ကြတာ ပျော်လဲပျော်စရာကောင်းသလို ကိုယ်ကြိုက်တဲ့မိန်းကလေးအိမ်ရှေ့ မှာဆို ရင်လဲ

ခုန်မိလိုက်တာ မပြောပါနဲ့တော့။ 


ဘာမဆိုင် ညာမဆိုင် ကိုယ့်ရည်းစားလဲမဟုတ်ဘဲနဲ့ အခုနေ သူများအိပ်နေလောက်ပြီလားတို့။ မိမိတို့

ရောက်နေတာရော ကြားပါ သိပါလေစတို့။ တခါးလေးဖွင့်ပြီးကြည့်များကြည့်လေမလားတို့ဆိုပြီး ငံ့လင့်

မိသေးတာရယ်။ 

ရူးခဲ့တာများပြောပါတယ်လို့။

















ဒီသီချင်းက အထက်တန်းကျောင်းသားလေးဘ၀မှာ အထက်ကပြောခဲ့သလို ချစ်တတ်ခါစလူငယ်
လေးတယောက်ရဲ့  အတွေးနဲ့ခံစားမှု အချစ်ရူးသွပ်မှုဖြစ်ခဲ့သော်လည်း အချစ်ကိုအလေးအနက်ထား
ပြီးချစ်တတ်လာတဲ့အရွယ်မှာ မိမိနှစ်နှစ်ကာကာချစ်ရတဲ့အမျိုးသမီးက မိမိကိုထားခဲ့ကာ အိမ်ထောင်
ပြုသွားတဲ့အခါမှာတော့ အပေါင်းအသင်းများရှေ့ မှာပဲ မရှက်တမ်းမျက်ရည်ကျကာ အမုန်းခွန်အားကို 
သီချင်းဆိုပြီးတောင်းတခဲ့မိပါတယ်။ 

ကံတရားဆိုင်ရာရက်စက်တဲ့အလှည့်အပြောင်းကို မိမိတကယ်တမ်း မခံစားနိုင်တော့လို့ပါ။

















No comments:

Post a Comment