Saturday, March 23, 2024

ဒီကနေ့ ကျနော်'ကိုကိုရဲ'

 



ဟုတ်ကဲ့ပါ။
ပုံမှာမြင်ရတဲ့အတိုင်းပဲ ကိုကိုရဲ ဒီကနေ့ ပဲပေးနေတာရယ်ပါ။ 

ဒီနေ့မနက် မ၀တ်စဖူး စပို့ရှပ်အနီရဲရဲကြီးဝတ်ပြီး အပေါ်ထပ်ကဆင်းလာရင်း အဖွားကြီးကို လှေကား
ပေါ်ကနေ လှမ်းစလိုက်ပါတယ်။
"အမေကြီးရေ ဒီနေ့ အဖေကြီးကို ကောင်မလေးတွေကြည့်ရင် မနာလိုမဖြစ်ရဘူးနော်" လို့။

အဖွားကြီးကလဲ ဘာရမလဲ ခပ်ထေ့ထေ့လေးပြန်ပြောတာပေါ့။

"ဒီလောက်အထိပြင်ဆင်နေပုံထောက်ရင် မကြီးမငယ်နဲ့ ရည်းစားများရှိနေပြီလား"တဲ့လေ။












No comments:

Post a Comment