Sunday, April 7, 2024

စပ်မိစပ်ရာများ(၁၆) - အမှတ်ရကျေးဇူးတင်ရှိနေဆဲ


       
SOURCE:


 စင်ကာပူမှာအလုပ်လုပ်ရင်း မိသားစုနှင့်အတူအမြဲနေထိုင်ခွင့်ရဖို့ စင်ကာပူ'လ၀က'ရုံး (Immigration

office) တွင်တင်ခဲ့သည့် မိမိ၏ပထမဆုံးလျှောက်ထားခြင်းမှာ အတည်ပြုချက်မရခဲ့ပေ။  



သို့နှင့် မိမိအိမ်ငှားနေသည့်အိမ်ရှင်က အမြဲနေထိုင်ခွင့်ရရန် မိမိတို့နယ်မြေကလွှတ်တော်အမတ်အား

ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးအကူအညီတောင်းရန် အားပေးတိုက်တွန်းခဲ့ပါသည်။


အဆိုပါအတွေ့အကြုံကို၂၀၁၆ ခုနှစ် ဧပြီလက ဖေ့စ်ဘွတ်တွင်ရေးတင်ခဲ့ပြီး ယခုအခါ(၈)နှစ်ပြည့်အ

မှတ်တရအဖြစ် မိမိ၏ဘလော့မှာပြန်လည်မျှဝေလျက် မိမိတို့မိသားစုPRရရှိစေရန် ပြည်ထဲရေးဝန်ကြီး

ဌာနသို့စာရေးပြီးအကူအညီပေးခဲ့သော လွှတ်တော်အမတ်နှင့်ဝန်ကြီးမစ္စတာယိုချိုတောင်အားလေးစား

စွာ အမှတ်ရကျေးဇူးတင်ရှိနေဆဲဖြစ်သည်။












မှတ်ချက်

အထက်ပါစာ ၂ စောင်ကို မူလရရှိခဲ့စဉ်ကအတိုင်း စာအိတ်အတွင်း အနှစ် ၃၀ ကျော်ခေါက်ရက်သား

ထားရှိသဖြင့် ပုံများတွင်တွေ့ရသည့်အတိုင်း နဂိုအရောင်ပျက်လျက် ၃ ရောင်ခြယ်ကာလာစုံဖြစ်သွား

ရကြောင်းပါ။














No comments:

Post a Comment