Wednesday, May 22, 2024

အမှတ်တရ မေ - ၁

 





မိမိဘ၀၏အထင်ကရ သို့မဟုတ် ထူးခြားမှုရှိသည့်အဖြစ်အပျက်အချို့ သည် မေလတွင်ဖြစ်ပျက်ကြုံ
တွေ့ခဲ့ရသည်။

ဥပမာ ၂ ခုကို ပြောပြချင်ပါသည်။

နံပတ်တစ် 
မေမှာ အိမ်ထောင်ကျ(မင်္ဂလာဆောင်)ခဲ့သည်။

နံပတ်နှစ်
မေမှာ နိုင်ငံရပ်ခြားတွင် ပထမဦးဆုံးအလုပ်ကို ရခဲ့သည်။


အိမ်ထောင်ပြုခြင်းနှင့်ပထမဆုံးအလုပ်ကိုရရှိခြင်းတို့သည် လူတဦးစီတိုင်းအတွက်အမှတ်တရအဖြစ်

ဆုံးသော ဘ၀မှတ်တိုင်များဖြစ်ကြပါသည်။ 


ဘ၀မှတ်တိုင်(milestone)ဟူသည်ကို အင်္ဂလိပ်အဘိဓာန်တခုက အောက်ပါအတိုင်းအရိုးရှင်းဆုံးအ

နက်အဓိပ္ပာယ်ဖွင့်ဆိုပေးထားသည်။

"A milestone is a significant event in your life" ဟူ၍။


အလားတူပင် ဘ၀၏အထင်ကရအကြောင်းအရာလည်းမမည် ထူးခြားမှုရှိပါသည်ဟုလည်းမပြောနိုင်

လောက်သည့် အတွေ့အကြုံတချို့ ကို မေလတွင် မှတ်မှတ်ရရလေးကြုံခဲ့ဖူးသည်။   

ကျေနပ်နှစ်သက်မှုရှိခဲ့ဖူးပါသည်။

ထိုအတွေ့အကြုံများထဲကတခုသည် မြန်မာပြည်ကိုမပြန်စဖူး မေလမှာခရီးသွားဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။
































စင်ကာပူကနေမြန်မာပြည်ကို မိမိတို့မိသားစု များသောအားဖြင့် တနှစ်တကြိမ်လောက်အလည်ပြန်

ဖြစ်ခဲ့ကြသည်။ 

တကြိမ် နှစ်ကြိမ်လောက်သာ ၂ နှစ်ခြားပြီးမှ ပြန်လည်ခဲ့ဖူး၏။ 


အလုပ်က နှစ်စဉ်နှစ်စဉ်တိုင်း ခွင့်တလအပြည့်ယူရန် အခက်အခဲမရှိတာလည်းပါသည်။ 

အလုပ်အပါးဆုံးဖြစ်သည့် နိုဝင်ဘာလနောက်ဆုံးအပတ်မှာခွင့်စယူရန် အားပေးတတ်သည်။  

ဒီတော့ ဒီဇင်ဘာ ခရစ္စမတ်နေ့မတိုင်မီ ၂၁-၂၂ ရက်နေ့များမှာပြန်လာသောအခါ လခနှင့်Bonus က 

အမြဲအဆင်သင့်စောင့်နေစမြဲ။ ပြားချပ်သွားသောပိုက်ဆံအိတ်အား ပြန်လည်ပြည့်တင်းစေအံ့။ 

ကဲ ဘာများပူစရာရှိပါသေးသနည်း။  


သို့တစေ ယခုတခေါက်ပြန်တာက အခါတိုင်းနှင့်မတူဘဲ မေလတွင်ဖြစ်ခဲ့သည်။

နေခဲ့ရတာလည်း ကြည့်ပါဦး။

ယခုအပတ်သောကြာနေ့မြန်မာပြည်ကိုသွားပြီး နောက်အပတ်သောကြာမှာ စင်ကာပူကိုပြန်ရောက်

ခဲ့ကြသည်။   

နောက်ပြီး ကျေုာင်းတွေမပိတ်သေးတာကြောင့် မိမိတို့နှင်အမြဲပါလေ့ရှိကြသည့် သမီးနဲ့သားတို့ကိုထား

ခဲ့ရသည်။

ဒါကြောင့် ဒီမေက အမှတ်တရပါလို့။ ထူးထူးခြားခြားလေးရယ်ပါပြောချင်မိတာရယ်။ 





















အခါတိုင်းနှစ်များကဲ့သို့ နှစ်ကုန်မှမသွားဘဲ မေလတွင်သွားခဲ့ခြင်းသည် အလည်သက်သက်မဟုတ်

သောကြောင့်ဖြစ်သည်။

ဇနီး၏ကြီးမေ(ဒေါ်ကြီး)ကွယ်လွန်ခြင်း ၃ နှစ်ပြည့်ဖြစ်သဖြင့် ဇနီးက ကိုယ်တိုင်သွားပြီး အလှူအတမ်း

လုပ်လိုသည်။ ကြီးမေ သေဆုံးစဉ်ကလည်း မသွားနိုင်ခဲ့။ နှစ်ပတ်လည်နေ့နှင့် ၂ နှစ်ပြည့်တွေတုန်းက

လည်း မရောက်နိုင်ပြန်ခဲ့။

ထိုကြောင့် ယခု ၃ နှစ်ပြည့်မှာ သူ့ကြီးမေကြီးအတွက် ကိုယ်တိုင်ကိုယ်ကျသွားကာ ကောင်းမှုကုသိုလ်

ပြုချင်သည့်အတွက် သွားဖြစ်အောင်သွားခဲ့ကြပါသည်။

မသွားခင်က ရန်ကုန်နှင့်မုဒုံကိုဖုန်းဆက်စကားပြောသည့်အခါတိုင်း ရာသီဥတုအလွန်ပူကြောင်းနှင့် မိုး

လည်းမကျသေးဟုကြားသိထားခဲ့သည်။

သို့သော် ကံကောင်းချင်တော့ မိမိတို့လေယာဉ် ရန်ကုန်လေဆိပ်ကိုဆင်းသောအခါ လေယာဉ်ပြေးလမ်း

ပေါ်တွင် မိုးရေများရွှဲရွှဲစိုနေသည်ကို မထင်မှတ်ထားဘဲ တွေ့မြင်ရသဖြင့် ၀မ်းသာမိသည်။ 

ကောင်းကင်မှာလည်း မိုးသားတိမ်လိပ်တို့ ညှို့ မှိုင်နေကြလျက်။ 

မိမိတို့အရောက်မှာ မိုးကျလေပြီ။

























ဆက်ပြီးရေးသားပါဦးမည်။




No comments:

Post a Comment