Thursday, July 11, 2024

ကိုယ့်စိတ် ကိုယ့်သဘော

 





ကိုယ့်စိတ် ကိုယ့်သဘောဆိုတဲ့ မြန်မာစကားလေးကို သိပ်ကြိုက်တာ။

မွေးကတည်းက တမင်လုပ်မယူရဘဲ သူ့အလိုလို ပါလာခဲ့တဲ့ဒီစိတ်သဘောထားလေးကို ကျေးဇူး

တင်လိုက်ရတာ။

ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း နေနေရတာ၊

ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်တွေကို ကိုယ့်သဘောအတိုင်းလုပ်နေရတာဟာ မိမိအဖို့က မိမိ

ဘ၀ပါပဲလေ။

ဘယ်သူ့ကိုမှ တမင်သက်သက်ကြီး ဒုက္ခမပေးခဲ့ဖူးဘူး။

အဲ ဒုက္ခပေးချင်းပေးရင် ကိုယ့်ကိုယ်ကိုပဲပေးပြီး ကြိတ်ခံတတ်တာ အကျင့်ပါနေပါပြီ။

အဆင်မပြေရင် မကြိုက်ရင် ချစ်ခြင်းမုန်းခြင်းမပါဘဲ ဝေးဝေးက ဒါမှမဟုတ် ကင်းကင်းရှင်းရှင်းပဲ

နေတတ်တယ်။

အဲဒါဟာ မိမိအတွက် လူဖြစ်ကျိုးနပ်တာပဲလို့ အလေးအနက်သဘောထားပါတယ်။


လူမှန်းသူမှန်း စပြီးသိရကတည်းက ဒီစိတ် ဒီသဘောလေးနဲ့ တသက်လုံးနေခဲ့ပြီး သေတော့လဲ

ဒီစိတ် ဒီသဘောလေးနဲ့ပဲသေဖို့ ခံယူဆုံးဖြတ်ပြီးသားဖြစ်လို့ အနေဖြောင့် အသေဖြောင့်ပါ။






















No comments:

Post a Comment